နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
KIA တွင် အဖျက်အမှောင့်သင်တန်းဖွင့်လှစ်သင်ကြားမှုနှင့် ရန်ကုန်မြို့အတွင်း ဖောက်ခွဲရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှု ဖော်ထုတ်

ရန်ကုန်၊  ဇွန် ၉


KIA အဖွဲ့ထံတွင် စစ်အခြေခံနှင့် ဖောက်ခွဲရေး သင်တန်းတက်ရောက်ခဲ့သည့် ထူးဝေလင်းနှင့် မင်းသုခကျော်တို့နှစ်ဦးကို လက်ပစ်ဗုံးများ၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများ နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၇ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။


အဆိုပါ ဖမ်းဆီးရမိသူ နှစ်ဦးအနက် ထူးဝေလင်း၏ ထပ်မံဖော်ထုတ်ချက်အရ ထူးဝေ လင်းသည် မတ် ၃၀ ရက်တွင် မင်းသုခကျော်၊ ရဲရင့်အောင်တို့နှင့်အတူ KIA တွင် သင်တန်းတက် ရောက်ရန်အတွက် Air KBZ လေကြောင်းလိုင်း ဖြင့် ရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့ သွားရောက် ခဲ့ပြီး မြစ်ကြီးနားမြို့ရှိ Apple Hotel တွင် တည်းခိုခဲ့ကြောင်း၊ ဧပြီ ၁ ရက်တွင် ကျော်ဇင်လင်း (လိုင်ဇာရောက်ရှိနေသူ) စီစဉ်ပေးမှုဖြင့် မြစ်ကြီး နားမြို့မှ လိုင်ဇာသို့ Super Custom ယာဉ်ဖြင့် သွားရောက်ခဲ့ရာ မိုက်ဆာပါ စစ်ဆေးရေးဂိတ်မှ တစ်ဆင့်လိုင်ဇာမြို့သို့ ရောက်ရှိပြီး ကျော်ဇင်လင်း နှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။


ဧပြီလ ၃ ရက်တွင် ကျော်ဇင်လင်း ခေါ်ဆောင် ထားသည့် အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၂၂ ဦး တို့နှင့်အတူ Super Custom ယာဉ် ၄ စီးဖြင့် လိုင်ဇာမှ မိုင်ဂျာယန်သို့ ထွက်ခွာ ခဲ့ပြီး မိုင်ဂျာယန်မှ ၆ ဘီးယာဉ် ၂ စီးဖြင့် ဆက်လက်ထွက်ခွာခဲ့ရာ KIA တပ်မဟာ(၃)မှ သင်တန်းဖွင့်လှစ်မည့် တောင်ပေါ်စခန်းသို့ ရောက် ရှိ ခဲ့ကြောင်း သိရှိရပါသည်။


သင်တန်းဖွင့်လှစ်ထားသော စခန်းနေရာတွင် သင်တန်းသား အိပ်ဆောင် ၃ ဆောင်၊  စာသင်ခန်းမ ၁ ခု၊ စားချက်ဆောင်၊ ထမင်းစား ဆောင်များ ပါရှိပြီး မီတာ ၃၀၀ အကျယ်ရှိ လေ့ကျင့်ရေးကွင်း၊ မီတာ ၁၀၀ ခန့်ရှိ စက်ပစ်ကွင်း ၁ ခုရှိကြောင်းနှင့် သင်တန်းတွင် ယင်းတို့အပါ ကျား ၁၄၂ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၁၄၅ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


သင်တန်းတွင် KIA နည်းပြများမှ ဖောက်ခွဲ ဖျက်ဆီးရေး သင်ခန်းစာ၊ လက်တွေ့ဖောက်ခွဲ ဖျက်ဆီးခြင်းနှင့် လက်နက်ငယ်ပစ်ခတ်ခြင်းများ လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲကို ဧပြီ ၂၈ ရက်တွင် ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲသို့ KIA အဖွဲ့မှ သင်တန်းနည်းပြများနှင့်အတူ အကြမ်းဖက် အဖွဲ့အစည်း CRPH မှ NLD ပါတီဝင်များဖြစ်သော ဦးကျော်စိုးလင်း၊ ဒေါက်တာမျိုးဝင်းနှင့် စိစစ်ဆဲ NLD ပါတီဝင်နှစ်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပြီးနောက် ရန်ကုန်သို့ ပြန်လည် ရောက်ရှိချိန်တွင် တရားခံ ထူးဝေလင်းနှင့် မင်းသုခကျော်တို့နှစ်ဦးမှာ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းခဲ့သော RDF (Revolution Democracy Force) အဖွဲ့တွင် ပါဝင်ခဲ့ကြောင်း၊ ယင်းအဖွဲ့တွင် လူအင်အားဖြည့်တင်းနိုင်ရေး၊ လက်နက်ငယ်နှင့် ဖောက်ခွဲရေးရက်တိုသင်တန်း ထပ်မံဖွင့်လှစ်ရေး အတွက် စီစဉ်ထားရှိခဲ့ကြောင်းနှင့် RDF အဖွဲ့ဝင် ထက်အောင်လွင် (NUG တွင် ဖောက်ခွဲရေး သင်တန်းတက်ရောက်ပြီးသူ)သည် NGO များ ထံမှ ငွေကြေးထောက်ပံ့မှုရယူ၍ ဖောက်ခွဲရေး ပစ္စည်းများအား အခြားတိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တို့ထံမှ ချိတ်ဆက်မှာယူခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။              

ဆွေဦး






အခြားဆက်စပ်သတင်းများ