နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမာရွတ်မြို့နယ်၊ ပြည်လမ်း အင်းလျားကန်ပေါင် လူကူးခုံးကျော်တံတားတွင် ပေါက်ကွဲမှုဖြစ်

ရန်ကုန်၊  ဇွန် ၉


ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ ပြည်လမ်း၊ အင်းလျားကန်ပေါင်အနီး လူကူးခုံးကျော်တံတားတွင် ဇွန် ၈ ရက်၊ ညနေ ၃ နာရီ ၄၅ မိနစ်အချိန် ကပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။


အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက် ရှင်းလင်းရာ တံတားအတက် အဆင်းဝဲ/ယာဘက် (ကန်လမ်းဘက်)တွင်နှစ်လုံး၊ တံတားအပေါ်အလယ်တွင် တစ်လုံး၊ တံတားတိုင်အောက်ခြေ အင်းလျား ကန်ပေါင်ဘက်တွင်တစ်လုံး စုစုပေါင်း လေးလုံး ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲ သည့်နေရာမှ PVC ပိုက်အပိုင်းအစများ၊ ဆားကစ်ပိုင်းအပိုင်းအစများ၊ ဘောစေ့ များတွေ့ရှိရကြောင်းနှင့် ပေါက်ကွဲမှု ကြောင့် လူ၊ ပစ္စည်းထိခိုက်မှုမရှိ ကြောင်းသိရသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပေါက် ကွဲမှုဖြစ်ပွားရာ တံတားပေါ်တွင် မသင်္ကာဖွယ်အထုပ်နှစ်ထုပ်၊ ပြည်လမ်း (ကန်လမ်းဘက်) တံတားခြေရင်းတွင် မသင်္ကာဖွယ် အထုပ်တစ်ထုပ်ထပ်မံ တွေ့ရှိသဖြင့် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်က စစ်မြေပြင်အင်ဂျင်နီယာ တပ်ဖွဲ့မှ စစ်ဆေးရာ အထုပ်တစ်ထုပ်စီ တွင် အလျား ၆ လက်မ၊ အချင်း ၃ လက်မခန့်ရှိ PVC လက်လုပ်ဗုံးကို ဆင်းကတ်ထည့် ဆားကစ်ပြားတစ်ခု တို့နှင့် ဝါယာကြိုးတွဲလျက် တွေ့ရှိခဲ့ ကြောင်း၊ PVC ပိုက်တစ်ခုစီအတွင်း၌ စတီးဘောစေ့များကို ပိုက်အတွင်း နံရံ၌ ကပ်ထားပြီး ယမ်းမှုန့်များ၊ လျှပ်စစ်စနက်တံတစ်ချောင်း၊ ၉ ဗို့ ဓာတ်ခဲနှစ်လုံး၊ AA ဆိုဒ် ဓာတ်ခဲသုံးလုံး၊ အဖွင့်အပိတ် ခလုတ်တစ်ခုတို့ပါရှိ ကြောင်း‌ တွေ့ရှိရသဖြင့် အဆိုပါ လက်လုပ်ဗုံးများကို သက်မဲ့ပြုလုပ်ခဲ့ ကြောင်းသိရသည်။


ထိုကဲ့သို့ တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် အကြမ်းဖက်လုပ် ဆောင်သူများကို ဖမ်းဆီးရမိရေး သက်ဆိုင်ရာမှ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(ကမာရွတ်စည်ပင်)






အခြားဆက်စပ်သတင်းများ