ထီးချိုင့်၊ ဇွန် ၉
ဇွန် ၈ ရက် နံနက် ၈ နာရီ ၃၅ မိနစ်အချိန်တွင် ထီးချိုင့်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း၌ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ကျောင်းသူ၊ ကျောင်းသားများ ဘေးကင်းလုံခြုံစွာ စာပေသင်ကြားနိုင်စေရေး လုံခြုံရေး ဆောင်ရွက်နေစဉ် ကျောင်းဝင်းအတွင်း မှ ပေါက်ကွဲသံကြားရသဖြင့် လိုက်လံ စစ်ဆေးစဉ် ကျောင်းဝတ်စုံဝတ်ဆင် ထားပြီး လွယ်အိတ်လွယ်ထားသည့် အမျိုးသားတစ်ဦးသည် ကျောင်း၏ အနောက်ဘက်ခြံစည်းရိုး အုတ်တံ တိုင်းအားကျော်တက်၍ ထွက်ပြေး သွားသည်ကို တွေ့ရှိရသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ ယင်းကို မြို့နယ်ပြည်သူ့ ဆေးရုံကြီး ရှေ့ လမ်းမပေါ်၌ ဖမ်းဆီးရမိခဲ့ပြီး ယင်း၏ လက်အတွင်းမှ ဂက်စ်မီးခြစ် တစ်လုံးကို သိမ်းဆည်းရမိခဲ့ကာ ယင်းဝတ်ဆင်ထားသော ကျောင်း ဝတ်စုံအောက်တွင် အနက်ရောင် တီရှပ်လက်တိုအင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ထား သည်ကို တွေ့ရှိခဲ့ရသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ဖမ်းဆီးရမိသူကို စစ်ဆေး ခဲ့ရာ အမှတ်(၁)စံပြ ရပ်ကွက်နေ စိုင်းညီ (ခ)ရှမ်းလေး (၁၆)နှစ်၊ ကျပန်း လုပ်ကိုင်သူဖြစ်ကြောင်း သိရှိရပြီး ယင်းကို အမည်မသိ အမျိုးသမီး တစ်ဦးက ငွေ ၁၀၀,၀၀ဝ ကျပ်ပေးကာ ကျောင်းဝင်းအတွင်းတွင် အသံဗုံးတစ် လုံး ဖောက်ခွဲပေးရန် စေခိုင်းသဖြင့် လက်ခံခဲ့ပြီး ယင်း အမျိုးသမီးထံမှ ဆရာမိုးတံဆိပ်ပါ ပလတ်စတစ်ဘူး ဖြင့် ပြုလုပ်ထားသော အသံဗုံးကို ယူဆောင်ကာ ကျောင်းဝင်းအတွင်း သို့ ကျောင်းဝတ်စုံဝတ်ဆင် ဝင်ရောက် ခဲ့ပြီး ကျောင်းဝင်းအတွင်းရှိ လက်ဝဲ သုန္ဒရအဆောင်နှင့် မန်လည်အဆောင် အကြား မြေကွက်လပ်၌ အသင့်ပါလာ သော မီးခြစ်ဖြင့် မီးရှို့ဖောက်ခွဲခဲ့ကာ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ဆွေဦး