နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဏ်ရာရရှိခဲ့တဲ့အဂ်လန်နောက်ခံလူ အာနိုးလ်နေရာ အစားထိုးလိုက်တဲ့ ဘရိုက်တန်ကစားသမား ဘန်ဝှိုက်

ဇွန် ၉


ယူရိုပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှာ ဒဏ်ရာပြဿနာ ကြောင့်မပါဝင်နိုင်တော့တဲ့ အာနိုးလ်ရဲ့နေရာကို ဘရိုက်တန်အသင်းနောက်ခံလူဘန်ဝှိုက်နဲ့ အစားထိုးလိုက်တယ်လို့အတည်ပြုလိုက်ပါတယ်။ အသက် ၂၃ နှစ် အရွယ်ရှိ အာနိုးလ်ဟာ ပြီးခဲ့တဲ့ အပတ်က ဩစတြီးယားကို အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ အင်္ဂလန်အသင်းအတွက် ပွဲထွက်ခွင့်ရခဲ့ပြီး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဘန်ဝှိုက် ဟာရိုမေးနီးယားနဲ့ကစားခဲ့တဲ့ခြေစမ်းပွဲမှာ လက်ရွေးစင်အတွက် ပါဝင်ခွင့်ရခဲ့ကာ ပွဲချိန်ပြည့်ပါဝင်ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဘန်ဝှိုက်ဟာလိဒ်စ်အသင်းမှာအငှားသွားကစားခဲ့ဖူး ပြီး လိဒ်အသင်းပရီးမီးယားလိဂ်ကို တန်းတက်ရာမှာ ခြေစွမ်းပြနိုင်ခဲ့တာ ကြောင့် အပြီးသတ်ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဘရိုက်တန် အသင်းက မရောင်းချခဲ့တာ ဖြစ်ပါတယ်။ဘန်ဝှိုက်ဟာ ပြီးခဲ့တဲ့ရာသီက ဘရိုက်တန် အသင်းအတွက် ပြိုင်ပွဲစုံ ၃၉ပွဲ ပါဝင်ကစားခဲ့ပြီး စက်တင်ဘာလက ၄ နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့တာဖြစ် ပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလန်အသင်းရဲ့အဓိကနောက်ခံလူ မက်ဂွိုင်းယားဟာ ကြံ့ခိုင်မှုမပြည့်ဝသေးတာကြောင့် ဘန်ဝှိုက်ဟာ အားကိုးစရာဖြစ်လာနိုင်ပါတယ်။ အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲအုပ်စု (D) အဖွင့်ပွဲအဖြစ် ယခုတစ်ပတ်ထဲမှာ ခရိုအေးရှားအသင်းနဲ့ ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။                         

(SO)






အခြားဆက်စပ်သတင်းများ