နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတကာသွင်းဂိုးအများဆုံးအဖြစ် ရော်နယ်ဒိုရဲ့နောက် ဒုတိယနေရာကိုရောက်လာတဲ့ ချက်ထရီ‌

ဇွန် ၉


၂၀၂၂  ကမ္ဘာ့ဖလားခြေစစ်ပွဲ (အာရှဇုန်)မှာ အိန္ဒိယလက်ရွေးစင် အသင်းနဲ့ ဘဂ်လားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ပွဲမှာ အိန္ဒိယအသင်း ခေါင်း ဆောင် ဆူနေးလ်ချက်ထရီဟာ ဘင်္ဂလားဒေ့ရှ်အသင်းကို  နှစ်ဂိုး သွင်းယူ ခဲ့ပြီးနောက်  နိုင်ငံအသင်းအတွက် လက်ရှိကစားနေဆဲကစားသမားတွေ ထဲမှာ ဒုတိယမြောက် နိုင်ငံတကာ ပွဲ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့တယ်လို့ ဂိုးလ်ကွန်းက ဖော်ပြခဲ့ပါတယ်။ ဒီပွဲမှာဆူနေးလ် ချက်ထရီက ဒုတိယပိုင်းရောက်မှသာ နှစ်ဂိုး လုံးသွင်းယူ ခဲ့တာဖြစ်ပါတယ်။ ဆူနေးလ် ချက်ထရီ ဟာဘင်္ဂလား ဒေ့ရှ်ကို နှစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် သူ့ရဲ့လက်ရွေးစင် ကစားသမားဘဝ နိုင်ငံတကာပွဲ သွင်းဂိုးပေါင်း  ၇၄ ဂိုး အထိ ရှိလာခဲ့ ပြီဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယ အသင်းခေါင်းဆောင်ဟာ လက်ရှိကစား နေတဲ့ လက်ရွေးစင်ကစားသမားတွေ ထဲမှာ ၁၄၃ ပွဲမှာ ၁၀၃ဂိုးသွင်းထားတဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒို ရဲ့နောက် ၁၁၇ ပွဲမှာ ၇၄ ဂိုးနဲ့ ဒုတိယ ဂိုးသွင်းအမျာဆုံး ကစားသမားဖြစ်လာ ခဲ့ပါတယ်။  ဆူနေးလ်ချက်ထရီရဲ့ နောက်မှာ  ယူအေအီးအသင်းက မက်ဘ်ခေါက် က ၉၀ ပွဲမှာ ၇၃ ဂိုးနဲ့ တတိယနေရာမှာ ရပ်တည်နေတာပါ။ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီ ကတော့ အာဂျင်တီးနားအတွက် ၁၄၃ ပွဲမှာ ၇၂ ဂိုးသွင်းယူထားတာကြောင့် စတုတ္ထနေရာကို ရောက်ရှိခဲ့တာဖြစ် ပါတယ်။ အိန္ဒိယ အသင်းဟာ အခုလ (၁၅) ရက်မှာ အာဖဂန်နစ္စတန်အသင်း နဲ့ ထပ်မံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

(SO)






အခြားဆက်စပ်သတင်းများ