နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌အသက်၂၁ နှစ်သာရှိပေမယ့် ဥရောပရဲ့ထိပ်တန်းလိဂ်ငါးခုမှာစျေးအကြီးဆုံး ကစားသမားဖြစ်လာတဲ့ ဖီးလ်ဖိုဒန်

ဇွန် ၉


ဘောလုံးသမားတွေရဲ့တန်ဖိုးကို တွက်ချက်ကာဖော်ပြပေးလေ့ရှိတဲ့CIESက ထုတ်ပြန်ချက်အရဆိုရင် မန်စီးတီးအတွက် ခြေစွမ်းပြနေပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရတဲ့ကွင်းလယ်လူ အသက်၂၁နှစ်အရွယ်ကစားသမားဖီးလ် ဖိုဒန်ဟာ ဥရောပထိပ်တန်းလိဂ်ငါးခုမှာ စျေးအကြီးဆုံး ကစားသမားအဖြစ် ရပ်တည်နေတယ်လို့ သိရပါတယ်။ ဖိုဒန်ဟာ PFA တစ်နှစ်တာအကောင်း ဆုံးလူငယ်ကစားသမားဆုကို ပူပူ နွေးနွေးဆွတ်ခူးထားကာ ပြီးခဲ့တဲ့ ရာသီက ကလပ်နဲ့နိုင်ငံအတွက်၅၆ပွဲ ကစားကာ ၁၈ ဂိုးအထိ သွင်းယူပေး နိုင်ခဲ့ပါတယ်။ CIES ရဲ့ တွက်ချက်မှု တွေအရ ဖိုဒန်ဟာ ယူရိုသန်း ၁၉၀ အထိ တန်ကြေးရှိနေပြီး ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။ သူ့ရဲ့နောက်မှာမှ ယူနိုက်တက်ကစားသမားတွေဖြစ်တဲ့ ဂရင်းဝုဒ်နဲ့ ရက်ရှ်ဖို့ဒ်၊ ဟာလန်း၊ ဖာနန်ဒက်စ်၊ ဒီဂျောင်၊ ပက်ဒရီ၊ အယ်လ် ဖွန်ဆိုဒေးဗီးစ်၊ ယာအိုဖီးလစ်နဲ့မေဆန် မောင့်တို့က ထိပ်ဆုံး ၁၀ ဦး စာရင်းဝင် တွေအဖြစ် အစဉ်လိုက် ရပ်တည်နေကြ တာဖြစ်ပါတယ်။ ဆန်ချို၊ ဘတ်ပီ၊ ဖာရန်း တောရက်စ်၊ ကိုင်ဟာဗက်ဇ်၊ အာနိုးတို့ကတော့  ထိပ်ဆုံး၁၀ ဦး အပြင်ဘက်ကို  ရောက်ရှိနေခဲ့ပါ တယ်။ထိပ်ဆုံးကစားသမား ၁ဝ ဦးမှာ မန်ချက် စတာယူနိုက်တက် ကစားသမား ၃ ဦးအထိ အများဆုံးအဖြစ်ပါဝင် နေခဲ့တာကိုလည်း တွေ့မြင်ခဲ့ ရပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ