မိတ္ထီလာ၊ ဇွန် ၈
ဇွန် ၆ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မိတ္ထီလာမြို့နယ်၊ ကံကောင်းကျေးရွာအနီး မိတ္ထီလာ-မလှိုင်-မြင်းခြံ ကားလမ်းဝဲဘက်ရှိ ဦးပြည့်ဖြိုးသူ(ခ) ကိုပန်းချီ (၃၅)နှစ်နှင့် မဝင်းစု ကျော်(ခ) မနီနီ(၃၄)နှစ် (ဘ)ဦးစန်းမောင်တို့ ပိုင်ဆိုင်သော “ရွှေအုန်းပင်” စားသောက်ဆိုင်ခြံဝင်း အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ပိုင်ရှင်ဖြစ်သူ တို့အား မတွေ့ရှိရဘဲ အလုပ်သမားများဖြစ်ကြ သော ကံကောင်းကျေးရွာနေ မတင်တင်မာ (၃၀)နှစ် (ဘ)ဦးအောင်မြင့်စိန်ပါ အမျိုးသားငါး ဦးနှင့် အမျိုးသမီး ၁၄ ဦးတို့အား တွေ့ရှိခဲ့ရပြီး ခြံဝင်းအတွင်း ဆက်လက်ရှာဖွေခဲ့ရာ သံဃာ နားနေဆောင်အနီးတွင် အချင်း ၁၅ ပေ၊ အနက် ၅ ပေခန့်ရှိ မြေကျင်းတစ်ခုအနီးမှ လက်လုပ် မိုင်းအပိုင်းအစများ၊ သံတိုသံစများနှင့် ဘောစေ့ များအားလည်းကောင်း၊ သံဃာနားနေဆောင်၏ အရှေ့တောင်ဘက် ပေ ၅၀ ခန့်အကွာရှိ ထန်းရွက် မိုးတဲအောက်မှ အလျား ၂၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၆ ပေရှိ အုတ်စီဆောက်လုပ်ထားသည့် မြေအောက်ခန်းတစ်ခုအား တွေ့ရှိရသဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ အဆိုပါမြေအောက်ခန်း အတွင်း မိတ္ထီလာမြို့နယ်၊ နန်းတော်ကုန်း ရပ်ကွက်နေ စိုးရန်နိုင် (၂၇)နှစ် (ဘ) ဦးညွန့်အောင် ကို ဦးခေါင်းပွင့်ဒဏ်ရာများဖြင့် သေဆုံးနေသည် ကို တွေ့ရသဖြင့် အလောင်းအား မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါမြေအောက်ခန်းအတွင်း အသေးစိတ် ရှာဖွေစစ်ဆေးခဲ့ရာ မြေအောက်ခန်းအတွင်းမှ ပေါက်ကွဲထားသည့် လက်လုပ်မိုင်း ၄၀ လုံး၊ သံပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၁၂၇ လုံး၊ ယမ်းကြိုးတပ်ဆင်ပြီး လက်လုပ်မိုင်း ၃၂ လုံး၊ လက်လုပ်မိုင်း ကိုယ်ထည်အလွတ် ၄၆ လုံး၊ လက်လုပ်မိုင်းကိုယ်ထည်အဖုံး ၂၅၄ ခု၊ ဒီဇယ်ရောစပ်ပြီး အမိုးနီးယားနိုက်ထရိတ် ငါးပိဿာ၊ ကန့်မှုန့်မျိုးစုံ ငါးပိဿာ၊ လျှပ်စစ် စနက်တံ ၁၅ ချောင်း၊ ယမ်းကြိုး ၅၀ ချောင်းနှင့် မီးချောင်းနှစ်ချောင်းတို့အား တွေ့ရှိ သိမ်းဆည်းရရှိခဲ့သဖြင့် လက်လုပ်မိုင်းများကို သက်မဲ့ပြုလုပ် သိမ်းဆည်းခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် စားသောက်ဆိုင်ပိုင်ရှင် ဦးပြည့်ဖြိုးသူ(ခ)ကိုပန်းချီနှင့် ယင်း၏ ဇနီး မဝင်းစုကျော်(ခ)မနီနီတို့နှစ်ဦးသည် လွန်ခဲ့သော နှစ်လခန့်မှစ၍ အဆိုပါခြံဝင်းအတွင်းရှိ သံဃာ နားနေဆောင်အနီးတွင် ဆိုင်အလုပ်သမားများ၊ ပန်းရန်ဆရာများနှင့် မြေကျင်းတူးပြီး မြေအောက် ခန်းဆောက်လုပ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် စားသောက်ဆိုင်အတွင်း မည်သူ့ကိုမျှ ဝင်ခွင့်မပြု တော့ဘဲ အမည်မသိအမျိုးသား ငါးဦးသာလျှင် ဆိုင်ကယ်နှစ်စီးဖြင့် နေ့စဉ်ဝင်ရောက်၍ အဆိုပါ မြေအောက်ခန်းအတွင်း ဆိုင်ရှင်လင်မယားနှင့် အတူ သွားလာနေထိုင်သည်ကိုသာ တွေ့ရပြီး ဆိုင်ရှင်ဖြစ်သူ ပြည့်ဖြိုးသူ (ခ)ကိုပန်းချီနှင့် မဝင်းစုကျော်(ခ)မနီနီတို့နှစ်ဦးသည် ပေါက်ကွဲမှု ဖြစ်ပေါ်ပြီး မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်တွင် 5C- 4704 နံပါတ်တပ်ဆင်ထားသော Toyota ယာဉ်ဖြင့် တိမ်းရှောင်လျက်ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။ ဆွေဦး