နေပြည်တော် ဇွန် ၇
တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူလူထုများက ယင်းတို့ ၏ သဘောဆန္ဒအလျောက် လက်လုပ်သေနတ်များကို အုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင် များထံ လာရောက်အပ်နှံလျက်ရှိရာ ဇွန် ၅ ရက်နှင့် ဇွန် ၆ ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာအုပ်စု၊ စစ်ကွဲကျေးရွာမှ လက်လုပ်သေနတ် တစ်လက်အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာစည်ကျေးရွာမှ လက်နက်မျိုးစုံ ၂၁ လက် ကိုလည်းကောင်း ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆွေဦး