နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေညောင်မြို့ရှိ နယ်မြေခံတပ်အား နှောင့်ယှက်၊ ဆဲဆို၊ ကြိမ်းမောင်း ထွက်ပြေးသူ ၃ ဦးကို လက်ပစ်ဗုံးတစ်လုံး စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိ

ရွှေညောင်၊  ဇွန် ၇

ရွှေညောင်မြို့ရှိ နယ်မြေခံတပ်အား ဇွန် ၅ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရပ်စောက်မှ ရွှေညောင်ဘက်သို့ မောင်းနှင့်လာသည့် ဆိုင်ကယ်တစ်စီးပေါ်မှ အကြမ်းဖက်သူ ၃ ဦးက ခဲများဖြင့်ပစ်ပေါက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ ရွှေညောင် - ရပ်စောက်လမ်းဆုံသို့ အရောက်၌ အဆိုပါ အကြမ်းဖက်သူ ၃ ဦးက လက်ပစ်ဗုံးပြကာ စိမ်ခေါ်ပြီး ထပ်မံ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့သည်။

ထိုသို့ ဖမ်းဆီးခဲ့ရာ ရွှေညောင်မြို့၊ တောင်လေးလုံးအုပ်စု၊ တောင်ဦးကျေးရွာနေ သန်းဇော်အောင် (၂၀)နှစ် (ဘ) ဦးသန်းထွန်းနှင့် သိန်းနိုင် (၂၅)နှစ် (ဘ) ဦးသိန်းမောင်တို့နှစ်ဦးအား သေဆုံး လျက်နှင့် ခိုင်ဇော်ဝင်း (၂၀) နှစ် (ဘ) ဦးဝင်းမြင့်တို့အား ဖမ်းဆီး ရမိခဲ့ပြီး ယင်းတို့နှင့်အတူ MG-36 လက်ပစ်ဗုံးတစ်လုံးနှင့် WY စာတမ်း ပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၀ ပြား တို့ကိုတွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။                  
ဆွေဦး






အခြားဆက်စပ်သတင်းများ