ရန်ကုန်၊ ဇွန် ၅
စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းတွင် သန့်ရှင်း ရေးလုပ်သားက အမှိုက်များရှင်းလင်းသိမ်းဆည်း စဉ် ဇွန် ၄ ရက် ညနေ ၆နာရီ ၅ မိနစ်အချိန် ဖျာပုံလမ်းထိပ်ရှိ အမှိုက်ပုံးအတွင်းမှ မသင်္ကာဖွယ် ပစ္စည်းတွေ့ရှိပြီး တာဝန်ရှိသူများအား သတင်း ပေးပို့ခဲ့သည်။
အဆိုပါသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးရာ လက်လုပ်ဗုံး ၃ လုံးဖြစ် ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပတ်ဝန်းကျင်အား ရှင်းလင်းကာသိမ်းဆည်းခဲ့ကြောင်း သိရသည်။
(စမ်းချောင်းစည်ပင်)