မိုးကုတ်၊ ဇွန် ၅
မန္တလေးတိုင်းဒေသကြီး မိုးကုတ် မြို့နယ်၌ငွေကျပ်သိန်း ၈၀၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂ ရက် ညနေ ၃ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေး ရေးစခန်းတွင် မိုင်းလုံမှ မိုးကုတ်သို့ အောင်အောင်(ခ) ကိုအောင် မောင်းနှင် လာသည့်ယာဉ်အား ရှာဖွေစစ်ဆေး ရာ ငွေကျပ်သိန်း ၈၆၄၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၄ ဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ သော ဘိန်းဖြူများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြို ကျေးရွာမှ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ယင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ ဆွေဦး