နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်နက်ကိုင်အဖွဲ့အစည်းများထံတွင် အကြမ်းဖက်သင်တန်း တက်ရောက်ရန် စီစဉ်ပေးသူများ ဖမ်းဆီးရမိ

ရန်ကုန်၊  ဇွန် ၄


အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထား သော CRPH ၊ NUG အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အဖျက် အမှောင့်လုပ်ငန်းများ၊ မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့ဖျက်ဆီးမှု နှင့် အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ထိုသို့လုပ်ဆောင်ရာတွင် အသုံးပြုလျက်ရှိသည့် လက်နက် များ၊ ဖောက်ခွဲရေးပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ဆေးရှာဖွေသတင်း ဖော်ထုတ်ဖမ်းဆီး ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဖော်ထုတ်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက် ရှိရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းထံ ဖောက်ခွဲရေးသင်တန်းသားများ စေလွှတ်ပေးလျက်ရှိသည့် သော်ဇင်အောင်၊ ၃၈ နှစ်၊ (ဘ)ဦးမြင့်အောင်နှင့် ဇနီးဖြစ်သူ ကေသွယ်လွင်၊ ၃၈ နှစ်၊ (ဘ) ဦးဌေးလွင်တို့အား မေ ၁၈ ရက်တွင် သန်လျင်မြို့နယ်၊ မြို့ဟောင်းရပ်ကွက်၊ Star City အိမ်ရာ၊ တိုက်(B2)၊ အခန်းအမှတ်(၆၀၉)ရှိ နေအိမ်၌ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု ၊ ကျည် ၉၉ တောင့်၊ လမ်းလျှောက်စကားပြောစက်တစ်လုံး၊ SUZUKI SWIFT အမျိုးအစားမော်တော်ယာဉ်အမှတ်၊ 7D/---တစ်စီး၊ ဆူပူ အကြမ်းဖက်မှုလှုံ့ဆော်သည့် စာရွက်စာတမ်းမျိုးစုံပါ အထုပ် တစ်ထုပ်၊ အခြားပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


သော်ဇင်အောင်၏ ထွက်ဆိုချက်အရ ညီညီ (NLD တောင်ဒဂုံလွှတ်တော် ကိုယ်စားလှယ်ဟောင်း)နှင့် ချိတ်ဆက် ၍ တောင်ဒဂုံစက်မှုဇုန်၊ တွံတေးမြို့နယ်တို့တွင် အင်အား ၂၅  ဦးခန့်ကို စစ်သင်တန်းပေးခြင်း၊ ဖောက်ခွဲရေးသင်တန်း တက်ရောက်ရန် လက်နက်ကိုင်အဖွဲ့အစည်းထံသို့ သင်တန်း သားများစေလွှတ်ခြင်း၊ ရန်ကုန်မြို့အတွင်း လက်နက် သယ်ဆောင်ရန် ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ ကိုဂျိုး (စိစစ်ဆဲ) ဦးဆောင်၍ အုပ်ချုပ်ရေးမှူးများနှင့် ဒလန်အဖြစ် သတ်မှတ်ထားသူများကို သတ်ဖြတ်မည့် Moon Light Operation တွင် ပါဝင်ခဲ့ပြီး အုပ်ချုပ်ရေးမှူးများအား သတ်ဖြတ်ရန်အတွက် စိုင်းသန်းထိုက်ဦး(ခ) ကိုစိုင်းအား လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရ သည်။                

ဆွေဦး






အခြားဆက်စပ်သတင်းများ