နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုသိမ်ကြီးမြို့နယ်၌ ငွေကျပ် ၇ ဒသမ ၅၇၅ ဘီလီယံတန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြား သိန်း ၅၀ ကျော် သိမ်းဆည်းရမိ

မန္တလေး၊  ဇွန် ၄


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်၌ ငွေကျပ် ၇ ဒသမ ၅၇၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား သိန်း၅၀ ကျော် ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရ သည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် ပူးပေါင်းစစ်ဆေးရေးစခန်း၌ ပြင်ဦးလွင်မှ မန္တလေးသို့ စိုင်းထွန်းဦး မောင်းနှင်ပြီး မင်းမင်းထွန်း (ခ)သားငယ်လိုက်ပါလာသည့် ယာဉ်အား သတင်းအရ ရှာဖွေစစ်ဆေးရာ ကာလ တန်ဖိုး ငွေကျပ် ၇ ဒသမ ၅၇၅ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၅,၀၅၀,၀၀၀ ဖမ်းဆီးရမိခဲ့ ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ် ဆေးပြားများကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမှ ရန်ကုန် တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း  သိရသည်။                                   

ဆွေဦး






အခြားဆက်စပ်သတင်းများ