နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးအတွက် သန့်ရှင်းသောရေသုံးစွဲရေး

ကျန်းမာခြင်း၏တန်ဖိုးကို မကျန်းမာသည့်အခါမှ သိရသည်ဟု လူအများက ဆိုကြသည်။ မကျန်းမမာဖြစ်ပြီဆိုလျှင် စိတ်သွားတိုင်း ကိုယ်မပါ သွားချင်တိုင်းသွား၍ မရ၊ စိတ်နှင့် ကိုယ်သဟဇာတ မဖြစ်ချေ။ လူအများစုသည် ကျန်းမာနေသည့်အခါတွင် ကျန်းမာ ရေးအတွက် လုပ်ဆောင်ရမည့်အလုပ်ကို သတိမူလေ့မရှိကြချေ။ ဤသို့ဆိုလျှင် ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဆိုသည့် ကျန်းမာရေးဝန်ထမ်းများ၏ သတိပေး စကားကို ပစ်ပယ်မိသည်ဟု ဆင်ခြင်မိသည်။


အမှန်စင်စစ် လူတိုင်းသည်ရောဂါကိုဖြစ်မှ ကုသခြင်းထက် မဖြစ်ပွားမီ ကျန်းမာရေးကို ညီညွတ်မျှတအောင် နေထိုင်စား သောက်ခြင်းကို အလေးထားထိုက်သည်။ မိမိတို့ နေအိမ်၊ ကျောင်း၊ ရုံးစသည်တို့၌ သန့်ရှင်းရေးသည် အရေးကြီးပါသည်။ အမှိုက်သရိုက်များ တွေ့ရာနေရာစွန့်ပစ်ခြင်း၊ ကွမ်းတံတွေးများ စည်းကမ်းမဲ့ထွေးခြင်းတို့သည် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အလေးထားသင့်သည်။


ထို့အတူ လူတိုင်းသန့်ရှင်းသော သောက်သုံးရေကို သုံးစွဲသင့် ပါသည်။ ယင်းအပြင် သန့်ရှင်းသောအစားအသောက်များကို သန့်ရှင်းသပ်ရပ်စွာ ဖုံး၊ အုပ်၊ ကိုင်တွယ်၊ ချက်ပြုတ်စားသောက် သင့်သည်။ မြေအသုံးချစနစ်လွဲမှားမှုကြောင့် ရေထုညစ်ညမ်းခြင်း၊ သန့်ရှင်းသောသောက်သုံးရေ ရှားပါးလာခြင်း၊ ရေထွက်များ ခန်းခြောက်လာခြင်း၊ ဆည်နှင့်ရေလှောင်တမံများ၌ သဲ၊ နုန်း ပို့ချခြင်း၊ တိမ်ကောလာခြင်း၊ မြေအောက်ရေများ ဆုတ်ယုတ်လာ ခြင်းစသည်တို့ ကြုံတွေ့လာနေရသည်။


လူတစ်ဦးချင်း၏ တစ်ကိုယ်ရေသန့်ရှင်းရေးသည် အရေးအကြီး ဆုံးဖြစ်သည်။ အထူးသဖြင့် လက်သန့်ရှင်းရေးကို သတိပြုသင့် သည်။ အစာစားရာတွင် လက်ကိုအသုံးပြုခြင်းဖြစ်၍ လက် သန့်ရှင်းရေးသည် အရေးကြီးသည်။ အစာမစားမီ လက်ဆေးခြင်း၊ အိမ်သာရေအိမ်ဝင်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးခြင်းစသည့် အလေ့အထများကို ကလေးလူကြီးမရွေး ပြုကျင့် သင့်သည်။


ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း ကို အလူးအလဲခံစားခဲ့ကြရပြီး ယခုတတိယလှိုင်းကို ရင်ဆိုင် ကြုံတွေ့နေရသည်ဟု ကမ္ဘာ့သတင်းများတွင် တွေ့နေရသည်။ ပြည်သူလူထုအနေဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဖို့ မိမိကစ၍ စည်းကမ်းများလိုက်နာရန် လိုအပ်သည်။ တစ်ဦးကို တစ်ဦး သတိပေးခြင်း၊ အသိပေးခြင်း လူတိုင်း၊ မိသားစု တိုင်း တက်ကြွစွာပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ ကုသခြင်း ထက် ကာကွယ်ခြင်းက ပိုမိုထိရောက်သည်ဟု ဆိုချင်ပါကြောင်း။  ။






အခြားဆက်စပ်သတင်းများ