နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသိဉာဏ်၊ စိတ်ဓာတ်၊ ရင့်ကျက်မြင့်မားလာရေး

သမဝါယမသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ၁၉၀၅ ခုနှစ်၌ မြင်းမူမြို့မှစတင်ခဲ့ပြီး သမဝါယမစနစ်သည် ကိုယ့်အား ကိုယ်ကိုးခြင်း၊ ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခြင်း၊ အများဆန္ဒ နှင့်အညီ စီမံခန့်ခွဲခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး လက်ရှိပကတိ အရှိတရားနှင့် ကိုက်ညီလျက်ရှိသည်။

ကမ္ဘာပေါ်တွင် သမဝါယမလုပ်ငန်းများ လုပ်ဆောင်အောင်မြင် နေသော နိုင်ငံများတွင် စက်မှုထွန်းကားသောနိုင်ငံကြီးများဖြစ်ကြသည့် အမေရိကန်၊ ဂျပန်၊ တရုတ်တို့လည်းပါဝင်ပေသည်။ လူ သည် တစ်ဦးတစ်ယောက်တည်းနေ၍ရသည့် သတ္တဝါမျိုးမဟုတ်ဘဲ အဝန်းနှင့်အဝိုင်းနှင့် စုစုစည်းစည်းနေကြရသည်။ ထိုအစုအဝေး တို့အတွက် စုစည်းခိုင်မာစေမှုကို သမဝါယမသည် တစ်ထောင့်      တစ်နေရာမှ ပါဝင်နေသည်ဟု ဆိုချင်ပါသည်။

လက်လုပ်လက်စားဆင်းရဲသားများအတွက် အရေးတကြီး ငွေလိုအပ်သည့်အခါတိုင်း မူးတိုး၊ မတ်တိုး၊ နေ့ပြန်တိုးများအောက် မရောက်ချင်ဘဲ ရောက်သွားကြရသည်။ ငွေကြေးအလွယ်တကူ ရရှိကြသော်လည်း ပြန်ဆပ်ရမည့်အချိန်များတွင် မျက်ကလူး ဆန်ပျာ မျက်ဖြူဆိုက်ကြရသည်။
ဆင်းရဲသော်လည်း ကတိတစ်လုံးနှင့် သံသရာအကြွေးရှောင် ရင်း၊ အိမ်ဆုံး၊ ဘဝဆုံး၊ လူလုံးမလှဘဝ ဖြစ်သွားကြရသူများ ဒုနှင့် ဒေးပါ။ လူမသမာတို့၏ မတော်မတရားဒဏ်မှ ဆင်းရဲသားများ မလွတ်ကင်းနိုင်ခဲ့ပါ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာနသည် လယ်ယာကုန်ထုတ်သမဝါယမအသင်းများ ဥပဒေနှင့်အညီ ဖွဲ့စည်းလုပ်ကိုင်နိုင်ရေး လိုအပ်သောကူညီမှုများ စီမံဆောင်ရွက်လျက်ရှိသည်။

အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကို စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ SME ချေးငွေများကို အတိုးနှုန်းသက်သာစွာနှင့် ဆောင်ရွက်ပေးလျက်ရှိသည်။ စက်မှု လယ်ယာဝန်ဆောင်မှု သမဝါယမအသင်းများ၊ လယ်ယာကုန်ထုတ် သမဝါယမအသင်းများ ဖွဲ့စည်းနိုင်ရေးတို့ကို ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိသည်။

နိုင်ငံတော်၏စေတနာကို တန်ဖိုးထားပြီး ရိုးရိုးသားသား၊ ကြိုးကြိုးစားစားဖြင့် ရှာဖွေလုပ်ကိုင်ကြပြီး မိမိတို့၏ချေးငွေများ ကိုလည်း မှန်မှန်ကန်ကန်ပေးဆပ်ကာ မိမိတို့၏ဘဝကို ဖန်တီး ယူကြရမည်ဖြစ်သည်။ အသိဉာဏ်၊ အမြော်အမြင်နှင့် စိတ်ဓာတ် ရေးရာ ရင့်ကျက်မြင့်မားမှုဖြစ်လာစေရေး  ကိုယ့်အားကိုယ်ကိုးသော စိတ်၊ ပူးပေါင်းဆောင်ရွက်လိုသော စိတ်ဓာတ်များ တိုးပွားလာ အောင် စွမ်းဆောင်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ