အိမ်မဲ၊ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြ ခရိုင်၊ အိမ်မဲမြို့နယ်၊ ချောင်းဝပိုင်း ရပ်ကွက်၊ ၄ လမ်းတွင် ဇွန်လ ၁ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ် အချိန် ကဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ ၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အိမ်မဲမြို့၊ ချောင်းဝပိုင်း ရပ်ကွက်၊ ဘုရင့်နောင်လမ်းနေ ဦးသိန်းဦး(ပညာရေး-ငြိမ်း)၏ နေအိမ် ၌ မွန်းလွဲ ၁ နာရီ ၅၅ မိနစ် အချိန်တွင် ဖုန်းအားသွင်းထားရာမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွားရာ မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ကား ၄ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး ပျဉ်ထောင် (တစ်ထပ်) နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ၁၈၀,၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန်သေဆုံး၊ ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အိမ်ရှင်အား သက်ဆိုင် ရာရဲစခန်းတွင် ဥပဒေအရအရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)