နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှေးဟောင်းသမိုင်းဝင် ပုဂံဘုရားများကို မီးပုလင်းဖြင့် ပစ်ပေါက်ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သူ ၂ ဦး ဖမ်းဆီးရမိ

နေပြည်တော်၊  ဇွန် ၃

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသသည် မြန်မာနိုင်ငံ၏ ရှည်လျားလှသော ကိုးကွယ်မှုသမိုင်းကို ဖော်ပြနေခြင်းဖြစ်ပြီး နိုင်ငံသားများအားလုံးက ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသည်။ သို့ရာတွင် လက်ရှိနိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုအပေါ် အမြင်မကြည်သူများက အဖျက်အမှောင့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ပုဂံမြို့သစ်၊ မြင်းကပါကျေးရွာရှိ ရှေးဟောင်းဘုရား၊ ဘုရားအမှတ် (၂၆၅၄)ကို အကြမ်းဖက်သမားများက မီးပုလင်းဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီးခဲ့မှုအခြေအနေကို လူမှုကွန်ရက်စာမျက်နှာများတွင် တွေ့ရှိရသည်။

အထက်ပါဖြစ်စဉ်တွင် ဘုရားအား မီးပုလင်းဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီး ခဲ့သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ခဲ့ရာ အောင်ဖုန်းမြတ်(ခ) ဖိုးသား(ခ)အေးချမ်းကိုနှင့် ဝေယံဖြိုး(ခ)ငမော့စ်တို့အား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ကနဦးဖမ်းဆီးရမိခဲ့ပြီး ယင်းတို့ကိုင်ဆောင် သည့် တယ်လီဖုန်းများအတွင်းမှ ဝါးရင်းတုတ်များအား သေနတ်ကဲ့သို့ ကိုင်တွယ်၍ စစ်ရေးလေ့ကျင့်နေပုံများ၊ လက်လုပ်သေနတ်များဖြင့် ပစ်ခတ်လေ့ကျင့်နေပုံများ ကို ထပ်မံတွေ့ရှိခဲ့ရသည်။

အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ