မင်းဘူး၊ ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူး မြို့နယ်၊ ကျွန်းပြားကျေးရွာအုပ်စု၊ ကျွန်းပြားကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းမှ မူကြိုကျောင်းဆောင် အဆောက်အဦ သည် ဇွန် ၁ ရက်တွင် မီးလောင်မှုဖြစ် ပွားခဲ့သည်။
ဖြစ်စဉ်အား လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါ စာသင်ကျောင်းအား မီးရှို့ခဲ့သူများမှာ အဆိုပါကျောင်းတွင် အလယ်တန်းပြ အဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါ်အေးမြင့်ရီ(ဘ)ဦးပြူးနှင့် တိုးဝင်း (ဘ)ဦးကြည်အေးတို့ဖြစ်ကြောင်းသိရ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇွန် ၁ ရက်၊ နေ့လယ်ပိုင်းတွင် အဆိုပါ ကျေးရွာအတွင်းရှိ ယင်းတို့၏ နေအိမ် များတွင် သွားရောက်ဖမ်းဆီးခဲ့ရာ ကျောင်းများအား မီးရှို့ဖျက်ဆီးမည့် စာသားများ၊ ကျောင်းတက်နေသည့် ကလေးများအား အသက်အန္တရာယ် ခြိမ်းခြောက်ထားသည့် စာသားများပါ စာရွက်များဖြင့် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူအား တရား ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဆွေဦး