အုတ်ဖို၊ ဇွန် ၁
မေ ၃၀ ရက် ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့နယ်၊ မိုးညိုတန်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှေ့ လမ်းမပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဆိုင်ကယ်တစ်စီး မီးလောင်နေသည်ကိုတွေ့ရှိရပြီး ဖြစ်စဉ်အားစုံစမ်းခဲ့ရာ အမျိုးသားတစ်ဦးသည် ကျောင်းရှေ့သို့ ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါအမျိုးသားတွင် ထိခိုက်ဒဏ်ရာများရရှိ၍ ထွက်ပြေး သွားကြောင်း သိရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယင်းအားဖမ်းဆီးရမိနိုင်ရေးအတွက် လိုက်လံ ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ရာ ဘူတာရုံလမ်းအနောက်ဘက်လမ်းပေါ်၌ ခြေထောက် တွင် သွေးများပေကျံနေသည့် ထူးကုန်းကျေးရွာနေ ဝေယံကျော် (၁၉)နှစ် သောက်ရေသန့်စက်ရုံအလုပ်သမား (ဘ)ဦးမောင်ချိုအားတွေ့ရှိရသဖြင့် စစ်ဆေး ခဲ့ပြီး ယင်း၏ခါးအောက်ပိုင်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကု သမှုခံယူနိုင်ရန် အုတ်ဖိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယင်းအား ထပ်မံစစ်ဆေးခဲ့ရာ လက်လုပ်မိုင်း တစ်လုံးထည့်ထားသော စက္ကူဘူးအား ကျောင်းရှေ့တွင် သွားရောက်ထောင်ထား ပေးရန် မိုးညိုတန်းရပ်ကွက်နေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇော်မင်း (အိုအေစစ်သောက်ရေသန့်စက်ရုံပိုင်ရှင်)နှင့် ယင်း၏ သားမက်ဖြစ်သူ နိုင်လင်း (၃၂)နှစ် (ဘ) ဦးခင်ဝင်းတို့မှ ငွေကျပ် ၁ သိန်းပေး၍ စေခိုင်းခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါ ငွေပေးစေခိုင်းခဲ့မှုများကို ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ည ၈ နာရီ အချိန်ခန့်တွင် အိုအေစစ်သောက်ရေသန့်လုပ်ငန်း နှင့် နေအိမ်တွဲလျက်အား ဝင်ရောက်ရှာဖွေခဲ့ရာ ယင်းတို့ ၂ ဦးအားမတွေ့ရဘဲ နိုင်လင်း ၏ ဇနီးဖြစ်သူ မနန်းထက်ဇော် (၃၃)နှစ် တွေ့ရသဖြင့် နေအိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ NLD အလံသေး ၉ ခု၊ NLD တံဆိပ်ပါ အင်္ကျီ ၉ ထည်တို့ကို တွေ့ရသဖြင့် ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ဆွေဦး