နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကြီးမြို့နယ်၌ ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သိန်းသိမ်းဆည်းရမိ

တောင်ကြီး၊  ဇွန် ၁


ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး မြို့နယ်တွင် ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သိန်းသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မေ ၂၈ ရက် ညနေ ၅ နာရီတွင် တောင်ကြီးမြို့နယ်၊ တောင်ကြီး - မိုင်းပျဉ်းသွား ကားလမ်း ကောင်းခါးကျေးရွာအနီးတွင် ရှောင် တခင်စစ်ဆေးရေးဆောင်ရွက်နေစဉ် မိုင်းပျဉ်းမှ တောင်ကြီးသို့ မောင်းနှင်လာသည့် Vigo မော်တော်ယာဉ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသဖြင့် ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရာ မလွတ်နိုင်သည့် အခြေအနေရှိသော ကြောင့် တောင်ကြီးမြို့နယ် ကောင်းခါးကျေးရွာ နှင့် ၁၅ မိုင်ခန့်အကွာ တောစပ်တွင် ယာဉ်အား ရပ်တန့်၍ တောအတွင်းထွက်ပြေးတိမ်းရှောင် သွားကြောင်း၊ ယာဉ်အားရှာဖွေရာ ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၀၀,၀၀၀ သိမ်းဆည်းရမိခဲ့ သဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားရှိပြီး ပြစ်မှုကျူးလွန်သူများအား စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ