နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေပြည်သာမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန် မေ ၂၀

မေ ၁၉ ရက်၊ နေ့လယ် ၃ နာရီခွဲအချိန်၌ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် (၁)ရပ်ကွက်တွင် ဦးအောင်မိုးဝင်း ပိုင်ဆိုင်သည့် TV Apparel အထည်ချုပ်စက်ရုံ၌ မီးလောင်ကျွမ်းနေကြောင်းသတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်ယာဉ် (၂၅)စီးဖြင့်ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် အဆောက်အဦအပေါ်ဆုံးထပ်နှင့် ချုပ်ပြီးသားအဝတ်အထည်များ မီးလောင်ဆုံးရှုံးခဲ့သဖြင့် စက်ရုံမန်နေဂျာ ဒေါ်ဇင်နှင်းအောင် (၃၉)နှစ်အား အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အလားတူ မေ ၁၉ ရက်၊ မွန်းတည့် ၁၂  နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်နေ မျိုးအောင်(၃၄)နှစ်၏နေအိမ်၌ မျိုးအောင်နှင့် သက်လင်းအောင်(၂၃)နှစ်တို့ ၂ ဦးသည် သံပန်းတံခါးအား ဝရိန်တို့ တပ်ဆင်ရာမှ တစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့သဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် (၃၅)စီးဖြင့် ငြှိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ပါ သည်။

အဆိုပါမီးလောင်မှုကြောင့် နေအိမ်၂၀လုံး မီးလောင်ဆုံးရှုံးခဲ့သဖြင့် မျိုးအောင်နှင့် သက်လင်းအောင်တို့ ၂ ဦး(ဖမ်းမိ)အား စက်မှုနယ်မြေရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ