နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လားရှိုးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့တွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ

လားရှိုး မေ ၂၀

မေ ၁၉ ရက်၊ ညနေ   ၅ နာရီ ၁၅ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ ကုန်းညောင်ကျေးရွာအနီးတွင် ထွန်းထွန်း(ခ)ယာကုတ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ် ဆေးပြား ၅,၀၀၀ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၀၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ထွန်းထွန်း (ခ)ယာကုတ်(၃၄)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။

အလားတူ မေ ၁၈ ရက်၊ ည ၈ နာရီအချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဟုမ္မလင်းမြို့နယ်၊ ပေကုန်းကျေးရွာရှိ သစ်ထုတ်လုပ်ရေးလမ်းမပေါ်တွင် အောင်မျိုးဇော်(ခ)ဇော်ဇော်(၂၃)နှစ်နှင့် ကမန်း(၂၀)နှစ်မောင်းနှင်လာသော ဆိုင်ကယ် ၂ စီးအား ရပ်တန့် စစ်ဆေး ရာ အောင်မျိုးဇော်(ခ)ဇော်ဇော် လွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ ဆပ်ပြာခွက် ၁၇ ခွက် ဖြင့်ထည့်လျက် ဘိန်းဖြူ ၁၇၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အောင်မျိုးဇော်(ခ) ဇော်ဇော်၊ ကမန်းတို့ ၂ ဦး(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။       

ဆွေဦး






အခြားဆက်စပ်သတင်းများ