နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်လမ်းနှင့် ဘူတာရုံလမ်းထောင့်Total Fitness Gym အားကစားခန်းမရှေ့ ပေါက်ကွဲမှုဖြစ် ရန်ကုန်၊

မေ ၃၁ 


ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် အမှတ် (၉) ရပ်ကွက် အင်းစိန်လမ်းနှင့် ဘူတာလမ်းထောင့် Total Fitness Gym အားကစားခန်းမရှေ့၌ မေ ၃၀ ရက်၊ နံနက် ၇ နာရီ ၄၀ မိနစ် အချိန်က ပေါက် ကွဲမှုဖြစ်ပွားခဲ့သည်။


ထိုသို့ပေါက်ကွဲမှု ဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ စစ်ဆေးရာ အချိုရည်ဘူးခွံ အပိုင်းအစ များ၊ သံဘောစေ့ ၅၀ လုံးခန့်၊ အုတ်ရိုက်သံ  ၁၅  ချောင်းတို့အား တွေ့ရှိရပြီး  ပေါက်ကွဲမှုကြောင့် အားကစားခန်းမ၏ အလျား ၁၀ ပေ၊  အနံ ၇ ပေ ခန့်ရှိ  အဝင်၊ အထွက်  တံခါးမှန် ကွဲကျပျက်စီးခဲ့ကြောင်း သိရ သည်။


ထို့နောက် အခင်းဖြစ်ပွားရာနေရာ ပတ်ဝန်းကျင်အား အသေးစိတ်စစ်ဆေး ခဲ့ရာ အခင်းဖြစ်ပွားရာနေရာနှင့် မျက်နှာ ချင်းဆိုင် လမ်းတစ်ဘက်ခြမ်းရှိ မိုးယံ ရွှေလမင်းနှင့်မြတ်ဆုကုဋေ ထီဆိုင်ရှေ့ တံခါးမကြီးဘေးတွင် ပေါက်ကွဲခြင်းမရှိ သေးသော ADMAN GOLD ဘီယာဘူး ခွံဖြင့်ပြုလုပ်ထားသည့် လက်လုပ်မိုင်း (၁) လုံးအား တွေ့ရှိသဖြင့် လမ်းသွား လမ်းလာ ပြည်သူများ အန္တရာယ်ကင်း ရှင်းစေရေးအတွက် အဆိုပါ  နေရာအား ထိန်းသိမ်းထားရှိကာ မိုင်းရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။  

(လှိုင်စည်ပင်)






အခြားဆက်စပ်သတင်းများ