နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူကို ဖမ်းဆီးရမိ နေပြည်တော်၊

မေ ၃၁


နိုင်ငံ၏ အုပ်ချုပ်မှုယန္တရား ပုံမှန် လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်းရေးကို မလိုလားသည့် ဆူပူအကြမ်းဖက် လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက် ခြင်း၊ လှုံ့ဆော်ခြင်း၊ Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိ သည်။


ထိုသို့ လုပ်ဆောင်လျက်ရှိရာ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်ရွာမရပ်နေ မဖွေးသူအောင်(ဘ)ဦးကျော်သိန်းသည် ယင်း၏ Pan Ei Phyu Facebook account ဖြင့် လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် သတင်းများရေးသား ဖြန့်ဝေခြင်း၊ တရားမဝင် အဖွဲ့အစည်းဖြစ်သည့် CRPH နှင့် NUG အား ထောက်ခံသည့် စာသားများ ရေးသားခြင်း၊ Non CDM နိုင်ငံဝန်ထမ်းများအား Social Punishment ပြုလုပ်ခြင်း၊ အများ ပြည်သူနှင့် အစိုးရဝန်ထမ်းများအား အထိတ်တလန့်ဖြစ်စေရန်နှင့် ပြစ်မှု ကျူးလွန်လာစေရန် သွေးထိုးလှုံ့ဆော် ရေးသားခဲ့သဖြင့် ယင်း၏နေအိမ်၌ မေ ၂၉ ရက်တွင် ဖမ်းဆီး ထိန်းသိမ်း နိုင်ခဲ့ပြီး မြိတ်မြို့မရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ၊ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ