နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၌ တံတား ၂ စင်း အကြမ်းဖက်သောင်းကျန်းသူများက ဖြိုချဖျက်ဆီး ဖရူဆို၊

မေ ၃၁


မေ ၃၀ ရက်၊ နံနက် ၁၀ နာရီခွဲ အချိန်တွင် ကယားပြည်နယ်၊ ဖရူဆို မြို့နယ်၊ လွိုင်ကော်-ဒီးမော့ဆို-ဘော် လခဲသွား ကားလမ်းပေါ်ရှိ တံတား ၂ စင်းအား အကြမ်းဖက်သောင်းကျန်းသူ အင်အား ၇၀ ဦးခန့်မှ ဖြိုချဖျက်ဆီး သွားခဲ့ကြောင်းသတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က သွားရောက်စစ်ဆေးခဲ့ရာ ဖရူဆို မြို့နှင့် ဒီးမော့ဆိုမြို့ကြား ဖရူဆိုမြို့နယ်၊ ကဒါလားကျေးရွာအနီးရှိ အရှည် ၃၀ ပေ၊ အကျယ် ၂၀ ပေ ရှိ သံကူကွန်ကရစ် တံတားအား ဘက်ဟိုးဖြင့် တံတား၏ တစ်ဖက်တစ်ချက်စီအား အကျယ် ၁၅ ပေ၊ အနက် ၁၅ ပေခန့်ရှိ မြေကျင်း များတူးကာ ဖြိုချဖျက်ဆီးခဲ့ပြီး အဆိုပါ တံတားအနီးရှိ အရှည် ၃၀ ပေ၊ အကျယ် ၂၀ ပေရှိ သံကူကွန်ကရစ်တံတားအား ဖရူဆိုမြို့နယ်ဘက်ခြမ်းမှ ဘက်ဟိုး ဖြင့် အကျယ် ၁၅ ပေ၊ အနက် ၂၀ ပေခန့် မြေဖျက်ကျင်းများ တူးခဲ့ရာ တံတားမှာ ပြိုကျခြင်းမရှိဘဲ တံတား လက်ရန်းနှင့် ကမ်းကပ်ခုံ ၁၀ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်းနှင့်  တံတားများ ပြိုကျကာ မြေဖျက်ကျင်းများ တူးဖော် ထားမှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရ သည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ