နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကောက်ခွန်မဲ့ မော်တော်ဆိုင်ကယ်သိမ်းဆည်းရမိ ရန်ကုန်

မေ   ၃၁


နိုင်ငံတော်အတွင်း တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းလာသော မော်တော်ဆိုင်ကယ်များ ရောင်းချ လျက်ရှိသော အရောင်းဆိုင်၊ အရောင်း ပြခန်းများမှ တရားမဝင် မော်တော် ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ မှုများကို မေ ပထမပတ်မှစ၍ ဆောင်ရွက်ခဲ့ရာတွင် လက်ရှိအချိန် အထိ တရားမဝင် အကောက်ခွန်မဲ့ မော်တော်ဆိုင်ကယ်အစီးရေ ၁၀၀၀ ခန့်အထိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


ထိုသို့ ဖမ်းဆီးရမိသော တရား မဝင် အကောက်ခွန်မဲ့ မော်တော် ဆိုင်ကယ်များကို တင်သွင်း၊ ရောင်းချ မှုများနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူနိုင်စေရန် သက်ဆိုင် ရာမှ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ထို့အပြင် ပြည်တွင်း၌ တရားမဝင်မော်တော်ယာဉ်များကို တွင်ကျယ်စွာအသုံးပြုကာ ပြစ်မှုကျူးလွန်လာကြသည်ကို စစ်ဆေး တွေ့ရှိရခြင်းများကြောင့် လည်းကောင်း၊  တရားမဝင်မော်တော်ယာဉ် အသုံးပြုသူများသည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာမှုမရှိကြသည့်အတွက် ဥပဒေနှင့်အညီ တရားဝင်မော်တော် ယာဉ်များအသုံးပြုကာ သွားလာနေကြသော ပြည်သူများအနေနှင့် စိတ်အနှောင့်အယှက် ဖြစ်ခြင်းကြောင့်လည်းကောင်း၊ တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ထိခိုက်လာသည့် ဆိုးကျိုးများအရလည်းကောင်း တရားမဝင်မော်တော်ယာဉ်များ အသုံးပြုမှုများကိုလည်း မေလ တတိယပတ်မှစတင်ကာ ဖမ်းဆီး စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍လည်း တရားမဝင်အကောက်ခွန်မဲ့ မော်တော် ဆိုင်ကယ်များ တင်သွင်းဆောင်ရွက်မှုများနှင့် တရားမဝင်မော်တော် ယာဉ် အသုံးပြုမှုများအား ဖမ်းဆီးအရေးယူခြင်းများကို သက်ဆိုင်ရာ ဌာနများပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။                                

ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ