နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လွိုင်လင်မြို့နယ်၌ ငွေကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားရှစ်သိန်း သိမ်းဆည်းရမိ

လွိုင်လင်၊  မေ ၃၀

ရှမ်းပြည်နယ် (တောင်ပိုင်း)လွိုင်လင်မြို့နယ်တွင် ငွေကျပ်သိန်း ၄၀၀၀  တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြားရှစ်သိန်း သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၇ ရက် ည ၇ နာရီခန့်တွင် လွိုင်လင်မြို့နယ် လွိုင်လင်-တောင်ကြီးသွားကားလမ်း ဟိုတင့်ကျေးရွာအနီးတွင် စိုင်းခမ်းခိုင် (၃၀)နှစ် မောင်းနှင်ပြီး မိုးသဲ(၃၂)နှစ် လိုက်ပါလာသည့် SUBARU SAMBAR ယာဉ်ကို ရပ်တန့်ရှာဖွေရာ ကာလ တန်ဖိုးငွေကျပ် သိန်း ၄၀၀၀ တန်ဖိုး ရှိ စိတ်ကြွရူးသွပ်ဆေးပြား ရှစ်သိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော် ထုတ်ချက်များအရ သိမ်းဆည်းရမိ သော စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး မြို့နယ် ဝမ်ဆော့ကျေးရွာမှ တောင်ကြီး သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရ သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေ ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
ဆွေဦး






အခြားဆက်စပ်သတင်းများ