ရန်ကုန်၊ မေ ၃၀
လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးအတွင်း ဈေးတာဝန်ခံရုံးနှင့် ဈေးဓမ္မာရုံကြားရှိ ယာဉ်ရပ်နားဝန်းတွင် မေ ၃၀ ရက်၊ နံနက် ၄ နာရီ ၁၀ မိနစ်ကပေါက်ကွဲမှု ဖြစ်ပွားသည်။
ပေါက်ကွဲမှုဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဈေးများနှင့်ကုန်စည်ပွဲရုံ များ စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူများရောက်ရှိစစ်ဆေးရာ ကားတာယာကွင်း အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းစိစစ်တွေ့ ရှိရပြီး PVC ကော်ပိုက်အပိုင်းအစ များ၊ TRUE အမျိုးအစား Keypad ဖုန်းတစ်လုံး၊ ဓာတ်ခဲ ၂ လုံး၊ ဘော့စေ့ ၁၈ လုံး၊ သံချောင်းအပိုင်းအစတို့အားတွေ့ရှိရပြီး အနီးပတ်ဝန်းကျင်အား မိုင်းရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ပစ္စည်း ပျက်စီးဆုံးရှုံးမှုများမရှိ ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် အနီးပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများအား စစ်ဆေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ (ဈေးများနှင့်ကုန်စည်ပွဲရုံများစီမံခန့်ခွဲမှုဌာန)