မြိတ်၊ မေ ၃၀
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၆ ရက် ညပိုင်းတွင် မြိတ်မြို့၊ ကမ်းသာယာ ကျေးရွာရှိအင်ရှန်(ခ)ကုလား၏ ဂိုဒေါင် ကို ဝင်ရောက်ရှာဖွေရာ ယင်းအား မတွေ့ရှိဘဲ ဝေသူရိန်ဦး(ခ) ဖိုးလပြည့်၊ ဘဝင်း၊ အောင်ခန့်(ခ) အောင်အောင် တို့သုံးဦးကို တွေ့ရှိရပြီးစိတ်ကြွရူးသွပ် ဆေးပြား ၅၈၇၁ ပြား၊ လက်လုပ်မိုင်း တစ်လုံး၊ ခြောက်လုံးပြူးသေနတ် တစ်လက်၊ ကျည်မျိုးစုံ ၁၂ တောင့်၊ အေကေ - ၄၇ ကျည်အိမ်တစ်ခုနှင့် ဘောလုံးဗြောက်အိုး အလုံး ၃၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ မေ ၂၇ ရက် နံနက်ပိုင်းတွင် မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်ရှိ အင်ရှန်(ခ)ကုလား၏နေအိမ်သို့ ဝင်ရောက်ရှာဖွေ ရာ ယင်းအားတွေ့ရပြီး ဘိန်းစာမှုန့် သုည ဒသမ ၀၆ ကီလိုနှင့် ဓားတစ် ချောင်းတို့ကိုလည်းကောင်း၊ မေ ၂၇ ရက်၊ မွန်းလွဲ ၃ နာရီတွင် ပင်လောင်း မြို့နယ် ဖိုကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့ ပင်လောင်း - နေပြည်တော်သွား ကား လမ်းမိုင်တိုင်အမှတ် (၃၇/၅အနီးတွင် ဇော်ကြီး(ခ)ဇော်ကိုကိုဝင်း မောင်းနှင် ပြီး အောင်သူ(ခ) ကျော်သူထွန်းလိုက် ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ပြား ၇၆၀၀ ကို သိမ်းဆည်းရမိခဲ့ပါ သည်။
ကွင်းဆက်အရ ညနေ ၄ နာရီတွင် ပင်လောင်းမြို့နယ်၊ သပြေကုန်းကျေးရွာ အုပ်စု ကသောင်းကျေးရွာအနီးတွင် သန်းထိုက်ကို ဆိုင်ကယ်တစ်စီးနှင့် အတူ ထပ်မံဖမ်းဆီး ရမိခဲ့သဖြင့်ယင်းတို့ အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရအရေးယူထားကြောင်း သိရသည်။
ဆွေဦး