နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးယွန်းကြီးအင်း ဘေးမဲ့တော အများပြည်သူအပန်းဖြေလေ့လာရန် ဖွင့်လှစ်ထား

မြန်မာနိုင်ငံတွင် မျိုးတုန်းလုနီးပါးရေပျော်ငှက်များနှင့် ဆောင်း ခိုငှက်မျိုးစိတ် ၁၇၂ မျိုးနားခိုရာ ပဲခူးတိုင်းဒေသ ကြီး မိုးယွန်းကြီး အင်းဘေးမဲ့တောကို အများပြည်သူလေ့လာအပန်းဖြေရန် ဖွင့်လှစ် ထားကြောင်း သိရသည်။

အဆိုပါမိုးအင်းကြီးဘေးမဲ့တောတွင် ဌာနေရေပျော်ငှက် ၁၃၀ ခန့်နှင့်ဆောင်းခိုငှက်မျိုးစိတ်၄၀ကျော်  ကျက်စားသော ကြောင့် ရေဝပ်ဒေသဘေးမဲ့တော၌ ငှက်မျိုးစိတ်ပေါင်း ၁၇၂မျိုး ကိုမှတ်တမ်းတင်ထားပြီး ယခုလမှစ၍ဆောင်းခိုငှက်များ နေရပ် ဒေသသို့ ပြန်ချိန်တွင် ဌာနေရေပျော်ငှက်မျိုးစိတ်တို့ နေထိုင်ကျက် စားလျက်ရှိသည်။ “ မိုးယွန်းကြီးဘေးမဲ့တောမှာ ရေပျော်ငှက် နဲ့ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၁၇၂ မျိုးကို မှတ်တမ်းတင် ထားပါတယ်။ ရှားပါးငှက်မျိုးစိတ်ဆိုရင် ကြိုးကြာခေါင်းနီ၊ ငှက်ကျား၊ ခရုစုပ်ခေါင်းမဲနဲ့ ငှက်ကြီးဝန်ပိုစတဲ့ မျိုးတုန်းလုနီးပါး ငှက်မျိုးစိတ်တွေကို ကာကွယ်စောင့်ရှောက်ပါတယ်။ ဒီမှာလေ့လာမှုအပြင်အပန်းဖြေနားခိုလို့ရအောင် စီမံပေးထားပြီးတော့ကိုဗစ် -၁၉ ရောဂါမတိုင်မီကပြည်တွင်း၊ ပြည်ပခရီးသွားတွေလာကြပါ တယ်။ အခုလည်းကိုဗစ်-၁၉စည်းကမ်းနဲ့အညီအပန်းဖြေလာ ရောက်လေ့လာလို့ရပါတယ်”ဟု မိုးယွန်းကြီးအင်းဘေးမဲ့တော အုပ်ချုပ်ရေးမှုး ဒေါ်သင်းသင်းယုကပြောသည်။

ထိုဘေးမဲ့အင်းသို့ဆောင်းခိုငှက်များ အောက်တိုဘာလမှ မတ်လထိနှစ်စဉ် လာရောက်ဆောင်းခိုလေ့ရှိပြီး ကမ္ဘာ့မြောက်ခြမ်း ၌ ရေအေးခဲချိန်၊ နေ့တာတို၍ညတာရှည်ချိန် အစာရေစာရှားပါး မှုကြောင့် မြန်မာနိုင်ငံရှိရေဝပ်ဒေသသို့ လာရောက်ဆောင်းခို ခြင်းဖြစ်သည်။ တစ်ခါတစ်ရံဧပြီလထိဆောင်းခိုငှက်များ မိုးယွန်း ကြီးဘေးမဲ့တောတွင်နေထိုင်လေ့ရှိပြီး ယခုဆောင်းခိုရာသီတွင် ဆောင်းခိုငှက်သစ်တစ်မျိုးဖြစ်သော Shear water ငှက်အသစ် ရောက်ရှိလာသောကြောင့် မှတ်တမ်းဝင်စာရင်းပြုစုထားသည်။

ထိုသို့ဆောင်းခိုငှက်များကိုထိန်းသိမ်းကာကွယ်ခြင်းဖြင့် သက်ဆိုင် ရာနိုင်ငံတို့ရှိရေဝပ်ဒေသတို့တွင် ပြည်တွင်း၊ ပြည်ပခရီးသွားတို့ လေ့လာကြည့်ရှုနိုင်သော အခြေခံခရီးသွားလုပ်ငန်းကို မြှင့်တင် ဖော်ဆောင်လျက်ရှိရာ အပန်းဖြေလေ့လာရာ နေရာတစ်ခုအဖြစ် ဝင်ငွရရှိသောကြောင့်  နိုင်ငံတိုင်းတွင် ထိုဆောင်းခိုငှက်တို့ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သည်။
 ဧပြီလမှစ၍ မိုးယွန်းကြီးဘေးမဲ့တောတွင် ဌာနေရေပျော် ငှက်များဖြစ်သော မယ်ညို၊ ငှက်စလူ၊ ရေဘဲ၊ ဗျိုင်း၊ အော်ရော်ငှက် အပါအဝင် ရေပျော်ငှက်များ အများဆုံးတွေ့ရှိရပြီး  တစ်နှစ် ပတ်လုံး  ကျက်စားနေထိုင်လျက် ရေဝပ်ဧရိယာဖြစ်သောကြောင့် သစ်ပင်ကြီးများမရှိဘဲ  မြက်တော၊ ဒိုက်တောနှင့် ကြာမျိုးစုံပေါက် ရောက်လျက်ရှိသည်။ မိုးယွန်းကြီးဘေးမဲ့တော ဧရိယာမှာ ၁၅၆၀၀ ဧက၊ စတုရန်းမိုင်၄၀ကျယ်ဝန်းပြီး သစ်တောဦးစီးဌာနမှ ဧက ၃၆၀ အကျယ်တွင် ရွှေပြည်အေးကုမ္ပဏီထံနှစ်ရှည်ငှားရမ်း၍ အပန်း ဖြေစခန်း၊ကြာမျိုးစုံနှင့်ရေပျော်ငှက်တို့ကိုကြည့်ရှုရန် စက်လှေဖြင့် ဝန်ဆောင်မှုပေးထားသောကြောင့် ထိုငှားရမ်းမှုမှဌာနအတွက် နှစ်စဉ် ဝင်ငွေရရှိသည်။

 ကိုဗစ်-၁၉ရောဂါမတိုင်မီက ပြည်တွင်း၊ပြည်ပလာရောက်လေ့လာမှုများသောနေရာတစ်ခုဖြစ်ခဲ့ပြီး တစ်နှစ်လျှင်ခရီးသွား ၈၀၀၀၀ ခန့်လာရောက်လည်ပတ်ခဲ့သည်။ ပြည်ပခရီးသွားအနေဖြင့်  နိုင်ငံခြားခရီးသွားနှင့် ငှက်ဝါသနာ ရှင်များလာရောက်လေ့ရှိပြီး ပြည်တွင်းခရီးသွားများလည်း အပန်းဖြေလေ့ရှိသည်။  ယခုအခါ ကိုဗစ်-၁၉ရောဂါကာ ကွယ်၊ ထိန်းချုပ်ရေးစည်းကမ်းနှင့်အညီ လာရောက်လေ့လာအပန်းဖြေသူများရှိပြီး ဧပြီလက ခရီးသွား ၂၈၀၀ ခန့်လာရောက်လည်ပတ်ခဲ့ကာ မိုးယွန်းကြီးအင်းဘေးမဲ့တောဝင် ကြေးတစ်ဦးလျှင်ကျပ် ၁၀၀၀ ဖြစ်သည်။ ညအိပ်ခရီးစဉ်အနေဖြင့် လည်ပတ်နိုင်ပြီး ပဲခူးမြို့မှ ၄၂ မိုင်အကွာ ပျဉ်ပုံကြီးအလွန် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေး၌ မိုးအင်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကိုဖွင့်လှစ်ထားသည်။

ပဲခူးတိုင်းဒေသကြီးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုအဖွဲ့ Wildlife Conservation Socity(WSC)မှ ပူးတွဲသုတေသန ပြုလုပ်စဉ် လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်ကမျိုးတုန်းပျောက် ကွယ်ပြီဟုယူဆခဲ့သော Jerdon’s babbler ဟုခေါ်သည့် ရှားပါး ငှက်ဖြစ်သော စာကလေးငှက်တစ်မျိုးကို တွေ့ရှိမှုမှတ်တမ်းတင်ခဲ့ရာ ထိုသို့မိုးယွန်းကြီး အင်းဘေးမဲ့တောရမ်ဆာရေဝပ်ဒေသ စားကျက် မြေတွင်နေထိုင်ကျက်စားမှုသည် ကမ္ဘာ့ရှားပါးငှက်များနားခိုရာ နေရာတစ်ခုအဖြစ် ဂုဏ်ယူဖွယ်ဖြစ်သည်။

မြန်မာနိုင်ငံတွင်း မျိုးတုန်းလုနီးပါးဖြစ်သော ငှက်မျိုးစိတ်တို့ကို အင်းတော်ကြီးအိုင်၊ အင်းလေးကန်အပါအဝင်ရေဝပ်ဒေသတို့၌ ကျက်စားသည့်နည်းတူ ပဲခူးတိုင်းဒေသကြီး၊ မိုးယွန်းကြီးအင်းဘေးမဲ့တောတွင်လည်းဌာနေငှက်များအဖြစ် နေထိုင်လျက်ရှိရာ ထိုအင်းသို့ ကမ္ဘာ့မြောက်ခြမ်းမှဆောင်းခိုငှက်များ နှစ်စဉ်လာရောက် ကျက်စားနားခိုခြင်းကြောင့်  နိုင်ငံအတွက်ဂုဏ်ယူဖွယ်ဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝဂေဟစနစ်ကို  ထိန်းသိမ်းကာကွယ် ထားသော မိုးယွန်းကြီးဘေးမဲ့တောတွင် မျိုးတုန်းလုနီးပါးငှက် မျိုးစိတ်အပါအဝင် ဌာနေရေပျော်ငှက်နှင့်ဆောင်းခိုငှက်မျိုးစိတ် ပေါင်း ၁၇၂ မျိုး ရှင်သန်ကျက်စားလျက် အပန်းဖြေခရီးစဉ်နှင့် ငှက်ဝါသနာရှင်တို့  ကြည့်ရှုလေ့လာနိုင်ရန် ဖွင့်လှစ်ထားကြောင်း သိရသည်။    ။






အခြားဆက်စပ်သတင်းများ