ကျိုက်ထို၊ မေ ၂၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသည့် ပူးပေါင်း တပ်ဖွဲ့ဝင်များသည် မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများကို စစ်ဆေး ဆောင်ရွက်စဉ် မေ ၂၇ ရက် နေ့လယ်ပိုင်း တွင် ဘီးလင်းမြို့နယ်ဘက်မှ သိမ်ဇရပ် မြို့ဘက်သို့ အောင်ဖြိုးမင်း(ခ)ညီညီ မောင်းနှင်ပြီး ချမ်းမြေ့ဝင်းနှင့်သန့်ဇင် အောင်တို့ စီးနင်းလိုက်ပါလာသည့် Forland အမျိုးအစား မော်တော်ယာဉ် အမှတ်၊ 3P/--- ကျောက်သယ်ယာဉ် အား ရပ်တန့်စစ်ဆေးရာ ယင်းယာဉ် ပေါ်မှ M-16 မောင်းပြန်ရိုင်ဖယ် တစ်လက်၊ ပွိုင့်- ၃၀ ကာဘိုင်တစ်လက်၊ RPG တစ်လက်၊ Glock အမျိုးအစား ပစ္စတို တစ်လက်၊ M-16 ကျည်အိမ် ၂ ခု၊ ကာဘိုင်ကျည်အိမ်တစ်ခု၊ ပစ္စတိုကျည် အိမ်တစ်ခု၊ RPG ဒုံးသီး ၁၄ လုံး၊ ပို့ကျည် ၁၄ တောင့်၊ လက်နက်ငယ် ကျည် ၃၅ တောင့်တို့နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ လက်နက်၊ ခဲယမ်းများ၊ မော်တော်ယာဉ်နှင့် ဖမ်းဆီးရမိသူ များအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။ ဆွေဦး