နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူသားစွမ်းရည်ပြည့်ဝရေး ကြိုးပမ်းအားထုတ်

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၏ အောင်မြင်မှု အဓိကအချက်မှာ အရည်အချင်းပြည့်ဝသည့်လုပ်သားထု ဖွံ့ဖြိုးတိုးတက် ရေးသည် အဓိကကျသည်။ အရွယ်ရောက်သူတိုင်းကောင်းမွန်သည့် လုပ်ငန်းခွင်သို့ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးခြင်းဖြင့် ပြည်သူတို့၏ လူနေမှုအဆင့်အတန်းမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ လူနေမှုအဆင့်အတန်းမြင့်မားလာသည်နှင့်အမျှ ဆင်းရဲမှုလျှော့ချရေးလုပ် ငန်းစဉ်များကို အထောက်အကူပြုမည်ဖြစ်သည်။

လူငယ်၊ လူရွယ်များကို နည်းပညာနှင့်အသက်မွေးဝမ်းကျောင်း ပညာမြှင့်တင်နိုင်မှသာ ကျွမ်းကျင်လုပ်သား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်မည်ဖြစ်သည်။ ယနေ့အချိန်တွင် သိပ္ပံနှင့်နည်းပညာ များ တစ်နေ့တခြားတိုးတက်ပြောင်းလဲလျက်ရှိရာ တိုးတက်မှုကို အမီ လိုက်နိုင်ရန် ယနေ့လူငယ်၊ လူရွယ်များသည် သာမန်တတ်မြောက်သည် နှင့် ရောင့်ရဲတင်းတိမ်မနေဘဲ အစဉ်ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။
ပညာဟူသည် စဉ်ဆက်မပြတ်သင်ယူနေရသည်။ ယနေ့မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေသောအခြေအနေကို အကြောင်းပြု၍ ကျောင်းမအပ်ရေး၊ ကျောင်းမတက်ရေး၊ စာသင်ကျောင်းများဖျက်စီးရေး၊ ဆရာနှင့် ကျောင်း သားများကို အနှောင့်အယှက်ပေးအဖျက်လုပ်ရပ်များ လုပ်ဆောင်လာ ကြသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  ကျောင်းများပိတ်ထားခဲ့ရာ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများဖွင့်လှစ်ရန် နိုင်ငံတော်အစိုးရက ဖော်ဆောင်လျက်ရှိသည်။  ကျောင်းသား၊ ကျောင်းသူများသည် ပညာနှင့်နီးပါက အသိဉာဏ်ပညာ မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ပညာမသင်လျှင် ပညာမတတ်၊ ပညာမတတ်လျှင် ကျောင်းသား၊ ကျောင်းသူများအကျိုးယုတ်လျော့မည် ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် အဓိကလိုအပ်ချက်မှာ လူသားအရင်းအမြစ် အတတ်ပညာ၊ ဓနအင်အား သဘာဝသယံဇာတတို့ဖြစ်သည်။ မိမိဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာများကို လေ့လာ သင်ယူလိုက်နာပြီး ကြိုးစားအားထုတ်ကာ အလုပ်လုပ်ကြရမည်ဖြစ် သည်။ ပညာသင်လျှင် ပညာတတ်မည်ဖြစ်ပြီး အဘက်ဘက်တွင် တိုးတက်လာမည်ဖြစ်သည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာနအောက်ရှိကျောင်းများအား မေ ၂၄ ရက်မှစတင်ကျောင်း အပ်လက်ခံခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း အဆင့်ဆင့်အပ်နှံမှုမှာ ယင်းနေ့တွင် ၁၃ ရာခိုင်နှုန်း ကျော်ရှိကြောင်း သိရသည်။ အနာဂတ်လူသားစွမ်းရည်ပြည့်ဝသည့် လူမျိုးဖြစ်ရန် ယနေ့ကျောင်းသား၊ ကျောင်းသူများ ဘဝမြင့်မားတိုးတက် ရေးကို ကြိုးပမ်းဆောင်ရွက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ