နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြို့မကျောင်းလမ်း ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ကျောင်းထွက်ပေါက်၌ အသံဗုံး ပေါက်ကွဲမှုဖြစ်ပွား

 ရန်ကုန်၊  မေ ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် (၁၀) ရပ်ကွက်၊ မြို့မကျောင်းလမ်း ပြည်သူ့ကျန်းမာရေးတက္ကသိုလ်ကျောင်း ထွက်ပေါက်ရှိ ပန်းချုံအနီး ပလက်ဖောင်းပေါ်တွင် မေ ၂၆ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ အချိန်က လက်လုပ်အသံဗုံးဟု ယူဆရသော ဗုံးတစ်လုံး ပေါက်ကွဲကြောင်း သိရသည်။


ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိပြီး ပတ်ဝန်းကျင်အန္တရာယ်မဖြစ်စေရေးအတွက် တာဆီးပိတ်ဆို့မှုများပြုလုပ်ကာ စစ်မြေပြင်အင်ဂျင်နီယာ တပ်ဖွဲ့ကမိုင်းရှင်းလင်းခဲ့ကြောင်းသိရသည်။


ထို့သို့ ရှာဖွေစစ်ဆေးခဲ့ရာ  စတီးနှစ်ဆင့်ချိုင့်တစ်လုံး အတွင်း Panasonic (9)V ဓာတ်ခဲတစ်လုံး၊ ဘောစိ ၄၀ လုံးခန့်နှင့် PVC ပိုက်ကွဲစအနည်းငယ်တို့အား တွေ့ရှိရပြီး အဆိုပါ ပေါက်ကွဲမှုသည် Keypad ဖုန်းဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံး ဖြစ်ကြောင်း သိရသည်။
လက်လုပ်ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပြစ်မှုကျုးလွန်သူ ကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သိရသည်။              

                     
(လသာစည်ပင်)






အခြားဆက်စပ်သတင်းများ