နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)မြို့နယ် အဖျက်အမှောင့် လုပ်ငန်းများပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများသိမ်းဆည်းရမိ

ရန်ကုန်၊  မေ ၂၇


မေ ၂၅ ရက်၊ ၇ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အိမ်အမှတ်(မ/၇၀၇)အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်အတွင်းမှ စန်းနိုင်ထွေး(၃၅)နှစ်၊ (ဘ)ဦးအောင်စိန်ပါ အမျိုးသား ၄ ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို လက်ပစ်ဗုံး ၂ လုံး၊ ကီးပတ်ဖုန်းဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် ချိန်ကိုက်လက်လုပ်မိုင်း ၁ လုံး၊ ဓာတ်ဗူးဖြင့် ပြုလုပ်ထားသည့် ချိန်ကိုက်လက်လုပ်မိုင်းတစ်လုံး၊ ပွိုင့် ၂၂ ကျည် ၂၇ တောင့်၊ အကြမ်းဖက်ရာတွင်အသုံးပြုသည့်ပစ္စည်းများနှင့်အတူဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။


ယင်းနေ့ ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၄၉) ရပ်ကွက်၊ အမှတ်(၁၉၉)နေ ရဲကျော်၏နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ လေသေနတ်တစ်လက်၊ လက်လုပ်သေနတ်တစ်လက်၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။        


ဆွေဦး






အခြားဆက်စပ်သတင်းများ