ရန်ကုန်၊ မေ ၂၇
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၅ ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် ဘားအံမြို့နယ် ထူးဂုဏ်ကျေးရွာနေ စိုးသူ၏နေအိမ် ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ ည ၇ နာရီခွဲတွင် မြဝတီ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ကံဆင့်မြိုင်လမ်း တွင် မသင်္ကာဖွယ်တွေ့ရှိသူ နွေးနွေးလွင် ကို စစ်ဆေးရှာဖွေရာ ယင်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကို လည်းကောင်း သိမ်းဆည်း ရမိခဲ့သည်။
ယင်းတို့အား စစ်ဆေးဖော်ထုတ် ချက်အရ မြဝတီမြို့ အမှတ်(၄)ရပ်ကွက် စင်္ကာတောင်လမ်းနေ မျိုးကျော်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၇ ပြားကို လည်းကောင်း၊ ယင်းနေ့ညပိုင်းတွင် ကူမဲနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်သားမြို့နယ် သာလွန်ကျေးရွာအနီး တွင် မျိုးအောင်မောင်းနှင်လာသော ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ခရီးသည် အာကာလင်းထံမှ ဘိန်းမည်း ၅ ဒသမ ၂ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားကြောင်း သိရ သည်။
ဆွေဦး