နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် မေ ၁၉


 ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ မေ ၁၈ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်တွင် သာကေတမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၂/မြောက်ရပ်ကွက်၊ သဒ္ဒါရုံလမ်းမကြီးပေါ်၌ ဓားကိုင်သောင်းကျန်းနေသော ထက်မြက်ဖြိုးအောင်ထံမှ အရိုးအသွား (၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှတပ် ဖွဲ့ဝင်များသည် ည ၇ နာရီခွဲအချိန်တွင် (၁၂)ရပ်ကွက်၊ သုခလမ်းမပေါ်၌ ဝင်းကျော်ကျော် (ခ)ကုလားထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရဲတပ် ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ၁၉ ;၄၀ အချိန်တွင် လေးထောင့်ကန်ရပ်ကွက်၊ ငမိုးရိပ်ဘူတာ သံလမ်းဘေး၌ ကျော်သီဟ(ခ)ပြည့်ပြည့်ထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၈ နာရီအချိန်တွင် မောင်မောင်ထံမှ အရိုးအသွား (၇)လက်မ ခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီခွဲအချိန်တွင် ဆက်သီဟနိုင်(ခ)ကိုဆက်ထံမှ အရိုးအသွား(၆) လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၁၀ နာရီအချိန်တွင် အောင်ထွန်းလင်း(ခ)အောင်ကြီးထံမှ အရိုးအသွား (၂၁)လက်မခန့်ရှိ ငှက်ကြီးတောင်ဓားတစ်ချောင်းကိုလည်းကောင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် ည ၁၀ နာရီခွဲအချိန်တွင် ပြုံးချိုထံမှ အရိုးအသွား (၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကို လည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ