နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူဆယ်မြို့နယ်၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ

မူဆယ် မေ ၁၉


မေ ၁၈ ရက်၊ နံနက် ၁ နာရီအချိန် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် သတင်းအရ မူဆယ်မြို့နယ်၊ မန့်မိုင်ကျေးရွာနေ  ဦးမာလ(၄၉)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားတွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်းမှ တမလန်း သစ်ဆိုဒ်စုံ ၅၄၀ တုံး ၅ ဒသမ ၆၂၅ တန်ခန့်အား သိမ်းဆည်းရမိခဲ့ပြီး ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။


 အလားတူ မေ ၁၈ ရက်၊ နံနက် ၂ နာရီအချိန်တွင် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်၊ မန့်မိုင်ကျေးရွာနေ မာခါး(ခ)ခါးလီ(၃၃)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ယင်းအား တွေ့ရှိပြီး နေအိမ်ခြံဝင်းအတွင်းမှ တမလန်းသစ်ဆိုဒ်စုံ ၄၉၈ တုံး ၅ တန်ခန့်၊ ပိတောက်ဆိုဒ်စုံ ၉၄၀ တုံး ၁၉ တန်ခန့်၊ သစ်မကျီးဆိုဒ်စုံ ၃၅၀ တုံး ၃ ဒသမ ၅ တန်ခန့်နှင့် ပိတောက်ပါကေးပြား ၁၃၃၀၆ ပြား ၁ ဒသမ ၇ တန်ခန့်အား သိမ်းဆည်းရမိခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရပါသည်။


 အလားတူ မေ ၁၈ ရက်၊ နံနက် ၂ နာရီခွဲအချိန်တွင် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်၊ မန့်မိုင်ကျေးရွာနေ ကျော်ဦး(၄၈)နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ခြံဝင်းအတွင်းမှ တမလန်းသစ်ဆိုဒ်စုံ ၅၀၀ တုံး ၁၂ တန်ခန့်၊ ပိတောက်ဆိုဒ်စုံ ၇၅၀ တုံး ၇ တန်ခန့်နှင့် သစ်မကျီးဆိုဒ်စုံ ၃၅၀ တုံး ၂ တန်ခန့် အား သိမ်းဆည်းရမိခဲ့ပြီး တရားဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ