နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထီးချိုင့်မြို့နယ်၌ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိသူအား ဖမ်းဆီးရာမှ ပြန်လည်ရန်ပြု၍ သတိပေးပစ်ခတ်ဖမ်းဆီး

ထီးချိုင့် မေ ၁၉


မေ ၁၈ ရက်၊ နံနက် ၅ နာရီခွဲအချိန် ထီးချိုင့်မြို့နယ်၊ သစ်ဆုံအင်းကျေးရွာနေ ကျော်ဇင်ဦး (၃၆) နှစ်၏နေအိမ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သတင်းအရ ဝင်ရောက်ရှာဖွေစဉ် ကျော်ဇင်ဦးသည် ၎င်း၏နေအိမ်အတွင်းသို့ အဝင်မခံဘဲ အရိုး/အသွား ၂ ပေ ၃ လက်မခန့်ရှိ ဓားရှည်အား ကိုင်ဆောင်လျက် နေအိမ်ရှေ့ဝင်ပေါက်မှ ပြေးထွက်လာ၍ ရဲတပ်ဖွဲ့ဝင်များအား ဓားဖြင့်ခုတ်ရန်ပြုသဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ MA-13 သေနတ်ဖြင့် ၁ ချက် သတိပေးပစ်ခတ်ခဲ့ရာ ကျော်ဇင်ဦးအား ကျည်ရှပ်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ကျော်ဇင်ဦးအား ဖမ်းဆီးရမိခဲ့ပါသည်။


 ဆက်လက်၍ ကျော်ဇင်ဦး၏နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းရှိ လွယ်အိတ် အတွင်းမှ ပလတ်စတစ်ဗူးများဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၁ ဒသမ ၃၁ ဂရမ်နှင့် ကပ်ခွာအိတ်ဖြင့် ထည့်ထား သည့် စိတ်ကြွဆေးပြား ၃၃၃ ပြားအား သိမ်းဆည်းရမိခဲ့သဖြင့် မေ ၁၈ ရက်၊ နံနက် ၇ နာရီ ၁၀ မိနစ်အချိန် ကျော်ဇင်ဦး(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။ 


ဆွေဦး






အခြားဆက်စပ်သတင်းများ