နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညီရာဂွန်ဂို မီးတောင်ပေါက်ကွဲမှု လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေ

ကင်ရှာဆာ  မေ   ၂၅

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ အကြီးဆုံးမီးတောင်များတွင်   တစ်ခု အပါအဝင်ဖြစ်သည့်    ညီရာဂွန်ဂို မီးတောင်ပေါက်ကွဲနေသည့်အတွက် ဒေသခံများကို ဘေးလွတ်ရာနေရာသို့ အရေးပေါ်ပြောင်းရွှေ့ပေးနေရကြောင်း သိရသည်။

နိုင်ငံ၏အရှေ့ဘက်ခြမ်းရှိ ဂိုမာမြို့နှင့် ၆ မိုင်အကွာတွင်ရှိသည့်   ညီရာဂွန်ဂို မီးတောင်ပေါက်ကွဲမှုသည်  လူဦးရေ နှစ်သန်းကျော်နေထိုင်သည့်  ဂိုမာမြို့ အတွက်စိုးရိမ်နေရပြီး   လက်ရှိတွင် ဂိုမာမြို့၏  ကောင်းကင်ပြင်တစ်ခုလုံး မှာ  မီးတောင်ပေါက်ကွဲမှု အရှိန်ကြောင့်       လိမ္မော်ရောင်အသွင်ပြောင်းလဲနေပြီဖြစ် သည်ဟု ဒေသခံများက ဆိုသည်။

ချော်ရည်ပူနှင့်  ပြာမှုန်များသည် ပတ်ဝန်းကျင်နေရာအနှံ့အပြားဆီသို့ ပျံ့လွင့်ရောက်ရှိနေပြီး မီးတောင်အနီး တဝိုက်တွင်    နေထိုင်သူဒေသခံများ အပါအဝင် ဂိုမာမြို့ရှိလူများသည်နေရပ် စွန့်ခွာထွက်ပြေးနေကြပြီဖြစ်သည်။ ဒေသခံအများစုသည်   ဘေးလွတ်ရာ နေရာဆီသို့ ခြေလျင်ရွှေ့ပြောင်းနေရ ခြင်းဖြစ်ကာ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ရဝမ်ဒါနိုင်ငံတွင်လည်း မီးတောင်ပေါက် ကွဲမှုကြောင့် နယ်စပ်ဖြတ်ကျော်နေထိုင် သူအရေအတွက်မှာ ၃၀ဝ၀ ခန့်ရှိနေပြီ ဖြစ်သည်။

ညီရာဂွန်ဂိုမီးတောင်သည်  ၂၀၁၂ ခုနှစ်ဝန်းကျင်က ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး အဆိုပါဖြစ်စဉ်တွင် လူ ၂၅၀ သေဆုံးကာ လူ ၁၂၀,ဝ၀ဝကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ဖူးကြောင်း သိရသည်။
ရဲခေါင် (Ref; BBC)






အခြားဆက်စပ်သတင်းများ