ရွာငံ ၊ မေ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်တွင် ငွေကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားရှစ်သိန်းသိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ရှမ်း ပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ် ယုန်တောင်ကျေးရွာအနီး ရွာငံမှ ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်သို့ ရွှမ်းဝင်း(ခ) အောင်နိုင်ဝင်း (၃၉)နှစ် မောင်းနှင်လာသည့် ယာဉ်ကိုရပ်တန့် ရှာဖွေရာ တန်ဖိုးငွေကျပ် သိန်း ၄၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀,၀၀၀ ဖမ်းဆီးရမိခဲ့သည်။
ယင်းတို့အား စစ်ဆေးဖော်ထုတ် ချက်အရ သိမ်းဆည်းရမိသောစိတ်ကြွ ရူးသွပ်ဆေးပြားများအား ရှမ်း ပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်မှ ကရင်ပြည်နယ် မြဝတီမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရ သဖြင့် ယင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။ ဆွေဦး