နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စွမ်းအားကြောင့် လျှပ်စစ် ဓာတ်အားသုံးစွဲသူတို့ အဆင်ပြေလာ၏။ လျှပ်စစ်ဓာတ်အားအသုံး များလာသောနေအိမ်များတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများ သုံးစွဲမှု များပြားလာသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှုများပြားလာသကဲ့သို့ လူမှုဘဝများလည်း တိုးတက်လာသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးသည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲ ရေးဦးစီးဌာန မြောင်းတကာပင်မဓာတ်အားခွဲရုံသို့ မေ ၂၂ ရက်က ရောက်ရှိပြီး ဓာတ်အားခွဲရုံအတွင်းရှိ ဓာတ်အားထိန်းချုပ်ခန်း အတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ Swith yard အတွင်းတည် ဆောက်လျှက်ရှိသော ၂၃၀ ကေဗွီရွှေတောင်+မြောင်းတကာဓာတ် အားလိုင်းအားပြုပြင်တည်ဆောက်နေမှုနှင့် ၂၃၀/၆၆/၁၁ ကေဗွီ ၁၅၀ အမ်ဗွီအေထရန်စဖော်မာတိုးချဲ့တပ်ဆင်နေမှု အခြေအနေတို့ ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး  လိုအပ်ချက်များကို မှာကြားခဲ့ သည်။

ရန်ကုန်မြို့တွင် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက်  မူလလျှပ်ကာမပါသောကြိုးများအား ယခုအခါ လျှပ်ကာဖုံးထားသောကြိုးများဖြင့် လဲလှယ်ဆောင်ရွက်လျက်ရှိ ပေသည်။ မိုးဦးကျကာလတွင် မိုးသက်လေပြင်းများတိုက်ခတ်မှု ကြောင့် ဓာတ်အားလိုင်းကြိုးများလျော့ကျခြင်း၊ ပြတ်ကျခြင်းများ ဖြစ်ပွားတတ်ရာ အများပြည်သူများ လျှပ်စစ်အန္တရာယ်မဖြစ်စေရေး အတွက် စောင့်ကြည့်သတိပေးမှုများ၊ အတားအဆီးများပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ရန်နှင့် ဓာတ်အားလိုင်းအနီး ဓာတ်အားလိုင်းပေါ်ရှိ သစ်ပင်၊  သစ်ကိုင်းများခုတ်လှဲခြင်းကို သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်မရှိဘဲ ခုတ်လှဲဆောင်ရွက်ခြင်းများကို အလေးမူသင့် သည်။

လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ဟောင်းနွမ်းနေသည့် လျှပ်စစ်ကြိုးများကိုလဲလှယ်ခြင်း၊ လျှပ်စစ်ဒဏ်ခံကြိုးများ သတ်မှတ် သည့်  စံနှုန်းတပ်ဆင်ရန်နှင့် ခံနိုင်အားထက်ပိုမထည့်သွင်းရန်၊ လျှပ်စစ်မီးဖို၊ မီးပူသုံးစွဲပြီးမီးပျက်လျှင် ခလုတ်ပိတ်ပြီးမှ ပလပ် ခေါင်းဖြုတ်ရန်၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မီးခလုတ်၊ မီးပလပ် များအား ရေစိုနေသောခန္ဓာကိုယ်၊ ရေစိုနေသောအဝတ်အစား ဝတ်လျှက်ကိုင်တွယ်မှုမပြုခြင်း၊ တမံသလင်းပြင်ပေါ်၌ခြောက်သွေ့ သောဖိနပ်စီးထားခြင်းမရှိဘဲ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ အား ကိုင်တွယ်အသုံးမပြုခြင်း၊ လျှပ်စစ်ပစ္စည်းများကို ကလေးငယ် များ လက်လှမ်းမမီသောနေရာတွင် တပ်ဆင်အသုံးပြုခြင်း၊ နေအိမ်ရှိ လျှပ်စစ်ပစ္စည်းများအား တစ်ပြိုင်နက်အသုံးမပြုခြင်း၊ ပျက်စီးနေသော မီးပလပ်၊ မီးခလုတ်၊ ဆေ့ဖ်ကတ်များအသုံးမပြုဘဲ အမြန်ဆုံးလဲလှယ်ခြင်းများဆောင်ရွက်ခြင်းဖြင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းရန် သတိပြုရမည့်အချက်များဖြစ်သည်။

လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ဆင်ခြင်သုံးစွဲရန် လိုအပ်သကဲ့သို့  မိမိတို့သုံးစွဲထားသော  လျှပ်စစ်ဓာတ်အားခ ကောက်ခံမှုများကို ကျေပွန်စွာထမ်းဆောင်စေချင်ကြောင်း ။






အခြားဆက်စပ်သတင်းများ