နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံတွင် အင်အားပြင်းငလျင် နှစ်ကြိမ်လှုပ် လူပေါင်းနှစ်သောင်းကျော် ဘေးလွတ်ရာပြောင်းရွှေ့

ယူနန်  မေ   ၂၄

တရုတ်နိုင်ငံ   ယူနန်ပြည်နယ်၌ လွန်ခဲ့သည့်သုံးရက်က ဒေသစံတော်ချိန် ည ၉ နာရီ ၄၈ မိနစ်ခန့်တွင် ပြင်းအား ၆ ဒသမ ၁ မဂ္ဂနီကျုရှိသည့် ငလျင်တစ်ခု လှုပ်ခတ်မှု   ဖြစ်ပွားခဲ့သည့်အတွက် လက်ရှိတွင် လူပေါင်းနှစ်သောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနေရ ကြောင်း usgs. gov သတင်းဌာနက ရေးသားဖော်ပြထားသည်။
 
ထို့ပြင် မေ ၂၂ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီ ဝ၄ မိနစ်ကလည်း တရုတ် နိုင်ငံ ကျင်းဟိုင်းတွင် ပြင်းအား ၇ ဒသမ ၄ မဂ္ဂနီကျုရှိ အင်အားပြင်းငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ကြောင်း ယင်းသတင်း ဌာနကပင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သုံးဦးသေဆုံးကာ ၂၈ ဦး ဒဏ်ရာရရှိခဲ့ပြီး အပျက်အစီးများအောက် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ် ရေးများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ကျင်းဟိုင်းတွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၄ မဂ္ဂနီကျုရှိ ငလျင်ကြောင့် အပျက်အစီးနှင့် လူသေဆုံးမှုကို တိတိ ကျကျမသိရှိရသေးကြောင်းနှင့် ကနဦး လှုပ်ခတ်ခဲ့သည့် ယူနန်ပြည်နယ် ငလျင် ထက် အပျက်အစီးပိုများမည်ဟုသတင်း များတွင် ဖော်ပြထားသည်။

Washingtonpost သတင်းတွင် ဖော်ပြထားချက်အရ အဆိုပါ ငလျင် လှုပ်ခတ်မှုနှစ်ခုပေါင်းတွင်   လူဦးရေ စုစုပေါင်း ၂၁၀ဝ၀ ကျော်ကို အရေးပေါ် ရွက်ဖျင်တဲများထိုးကာ ကယ်ဆယ်ရေး စခန်းများဆောက်လုပ်ပြီး နေရာထိုင်ခင်း ပေးထားရကြောင်း သိရသည်။
ရဲခေါင် (Ref; Reuters)






အခြားဆက်စပ်သတင်းများ