နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်တွင် အချင်းချင်းစကားများရာမှ သေနတ်ပစ်မှုကြောင့် လူ ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

ဝါရှင်တန်  မေ   ၂၄

အမေရိကန်နိုင်ငံ မီနီဆိုတာပြည်နယ် မီနီရ်ပိုလစ်မြို့လယ်တွင်  မေ ၂၂ရက် နံနက်အစောပိုင်းက   ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှုမှာ လူအချင်းချင်း စကားများကြခြင်းဖြစ်ကြောင်း အာဏာ ပိုင်များက ထုတ်ပြန်လိုက်သည်။ ယင်း ဖြစ်စဉ်တွင် လူ ၂ ဦးသေဆုံး၍ ၈ ဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ထိုသို့သော လုပ်ရပ်မှာ အသိတရားမရှိသည့်သေနတ် ကိုင်အကြမ်းဖက်မှုဖြစ်ပြီး ရပ်တန့်ပစ် ရမည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ အကြီးအကဲက ပြောသည်။ မီနီရ်ပိုလစ် ရဲတပ်ဖွဲ့ (MPD) အရာရှိများသည် ယင်း မြို့လယ်ရှိ ဘားတစ်ခုတွင် ဗဟိုစံတော် ချိန် နံနက် ၁ နာရီ ၅၉ မိနစ်က “ထူးခြား သော ပရမ်းပတာအခြေအနေတစ်ရပ်” ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။

ကနဦးစုံစမ်းစစ်ဆေးမှုအရ လူ နှစ်ဦးက အချင်းများရာက သေနတ်များ ဆွဲထုတ်ကာ အပြန်အလှန် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထား သည်။ “ပစ်ခတ်ခံရသူ ၁၀ ဦးလုံးက အရွယ်ရောက်ပြီးသူတွေဖြစ်တယ်လို့ ကနဦးအချက်အလက်အရ ဖော်ပြထား ပါတယ်။ သူတို့ဟာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၅ ဦးဖြစ်ပါတယ်။ သေဆုံးသူ ၂ ဦးကတော့  အမျိုးသားတွေပါ။ ဒဏ်ရာ ရသူတွေအနက် အမျိုးသား ၁ ဦးကတော့ စိုးရိမ်ရပြီး    ကျန်တဲ့ ၇ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိပါဘူး” ဟု MPD က ထုတ်ပြန်ချက်၌ ပြောကြား ထားသည်။
မျိုးဝင်း(Ref; Xinhua)






အခြားဆက်စပ်သတင်းများ