နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ကိုရီးယားတွင် Covid ကာကွယ်ဆေးအဖြစ်အသုံးပြုရန် Moderna ဆေးကိုခွင့်ပြု

ဆိုးလ်  မေ   ၂၄

တောင်ကိုရီးယားနိုင်ငံတွင် ကိုဗစ် (၁၉) ကာကွယ်ဆေးထိုးနှံမှုကို အရှိန်မြှင့် လုပ်ဆောင်နေစဉ်Moderna ကိုဗစ် (၁၉) ကာကွယ်ဆေးကို အသုံးပြုရန်ခွင့်ပြု လိုက် ကြောင်း ဆေးဝါးဆိုင်ရာဘေးကင်း လုံခြုံရေးဝန်ကြီးကင်ဂန်လစ်က သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြောဆို သည်။  အမေရိကန်တွင်ပြုလုပ်သော နောက်ဆုံးစမ်းသပ်မှုများတွင် ဘေးကင်း ထိရောက်သည့် အချက်အလက်များ အပေါ်အခြေခံ၍ နှစ်ကြိမ်ထိုးနှံရသည့် အဆိုပါကာကွယ်ဆေးကိုခွင့်ပြုရန် ကျွမ်းကျင်သူအဖွဲ့သုံးဖွဲ့အနက်မှ နှစ်ဖွဲ့ က ထောက်ခံမှုပြုပြီးနောက် ယင်းသို့ ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

Moderna ကာကွယ်ဆေးသည် AstraZeneca, Pfizer, Johnson & Johnson တို့မှထုတ်လုပ် သော ကာကွယ် ဆေးများပြီးလျှင် တောင် ကိုရီးယားတွင် အသုံးပြုရန်ခွင့်ပြုလိုက်သည့် စတုတ္ထ မြောက်ကာကွယ်ဆေးဖြစ်ကြောင်း ကင်ဂန်လစ်က ပြောသည်။
တောင်ကိုရီးယားသို့ ကာကွယ်ဆေး တင်ပို့မည့်အချိန်ကာလကို ထုတ်ဖော်ပြော ဆိုခြင်းမရှိသော်လည်း ကာကွယ်ဆေး သန်း ၄၀ တင်ပို့ရန် တောင်ကိုရီးယား အစိုးရနှင့် Moderna ကုမ္ပဏီတို့အကြား သဘောတူညီမှုရရှိထားသည်။
မျိုးဝင်း (Ref; BBC)






အခြားဆက်စပ်သတင်းများ