နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်သွားရန် ကမ္ဘာ့ခေါင်းဆောင်များ တိုက်တွန်း

ရောမ  မေ   ၂၄

ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်း ဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက် သွားရန် ရောမမြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ ကျန်းမာရေးထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင်များ တိုက်တွန်းပြော ကြားလိုက်သည်။ အဆိုပါ အစည်းအဝေး တွင် COVID-19 ကပ်ရောဂါတိုက်ဖျက် ရေး အတွေ့အကြုံများကို မျှဝေခဲ့ကြပြီး ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက် သွားကာ အတူတကွ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအန္တရာယ်ကို  ကာကွယ် တားဆီးသွားကြရန်  တိုက်တွန်းခဲ့ကြ သည်။

COVID-19 ကပ်ရောဂါဖြစ်ပွား ရာတွင် လက်ရှိချိန်နှင့် အနာဂတ်တို့၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု၏ အရေးပါပုံကို  ပေါ်လွင်စေခဲ့ကြောင်း၊ လက်ရှိချိန်တွင် ဦးစားပေးဆောင်ရွက် သွားရမည့်ကိစ္စမှာ COVID-19 ကပ် ရောဂါအား အောင်မြင်အောင်တိုက်ဖျက် သွားရေးပင်ဖြစ်ပြီး ယင်းအတွက် ကမ္ဘာ့ ပြည်သူလူထုများကို အမြန်ဆုံးကာကွယ် ဆေးထိုးနှံပေးသွားရမည်ဖြစ်ကြောင်း အီတလီနိုင်ငံဝန်ကြီးချုပ်က ပြောကြား သည်။ ယင်းသို့ ပူးပေါင်းဆောင်ရွက်ရေး အတွက် G 20 အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လည်း ကြေညာစာတမ်းတွင် ပါဝင်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မူဝါဒ စသည့် အခြေခံနိယာမတို့ကို လိုက်နာရန် ကတိပြုခဲ့ကြောင်း သိရသည်။   G 20 အဖွဲ့အနေဖြင့်  စည်းလုံးညီညွတ်မှုကို တိုးချဲ့သွားရန်၊  နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ရန်၊ သိပ္ပံနည်းကျမူဝါဒများ ချမှတ်သွားရန်၊ ကပ်ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းတွင်  ပြည်သူကို ဗဟိုပြု၍ လုပ်ကိုင်ဆောင်ရွက်သွားရန်၊ ဘဏ္ဍာရေးနှင့် ကာကွယ်ဆေးစသည့် ကဏ္ဍများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ကူညီထောက်ပံ့မှုများ တိုးချဲ့သွားရန်တို့ ပါဝင်ကြောင်း သိရသည်။
 မျိုးဝင်း (Ref;AFP)






အခြားဆက်စပ်သတင်းများ