နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးနောက် နေရပ်စွန့်ခွာသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အလျင်အမြန်ရောက်လာ ဂျေရုဆလင်

မေ   ၂၄

အစ္စရေးနှင့်  ပါလက်စတိုင်းအကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိလိုက်ပြီးနောက်  နာရီပိုင်းအတွင်း ဂါဇာကမ်းမြောင်ဒေသဆီသို့ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီများ အလျင်အမြန်ရောက်ရှိလာခဲ့ ကြောင်း သိရသည်။

စစ်ဘေးဒဏ်သင့် ထောင်ပေါင်းများ စွာသော ပါလက်စတိုင်းလူမျိုးများကမူ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ဖို့ရှိကြောင်း ပြောကြားထားပြီး အရေးပေါ်လိုအပ်နေ သည့်  လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ  အလျင်အမြန် ရောက်ရှိလာခြင်းမှာ အားတက်စရာဖြစ် ကြောင်း ပြောကြားသည်။ အစ္စရေးနှင့် ပါလက်စတိုင်းအကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရသွားချိန်တွင်    နှစ်ဖက်လုံးရှိ လူထောင်ပေါင်းများစွာ မှာလမ်းမများပေါ်ထွက်ပြီး  အလံများ ဝှေ့ယမ်းကာ၊ ကားဟွန်းတီးအောင်ပွဲခံခဲ့ ကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ ဒဏ်ရာရရှိသူများကို ဘေးလွတ်ရာနေရာများဆီ ပြောင်းရွှေ့ ပေးရန်အတွက်    လမ်းကြောင်းများ ဖန်တီး ပေးရန်လိုအပ် ကြောင်းသတိပေး ထားသည်။ လက်ရှိတွင် ပါလက်စတိုင်း ဘက်ရှိ လူတစ်သိန်းကျော်လောက်သည် နေရပ်စွန့်ခွာ  စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိသွားခဲ့ပြီး လူရှစ်သိန်းနီးပါး သည် ရေပြတ်လပ်မှုကြောင့် အခက်တွေ့ နေရပြီဖြစ်ကြောင်း    ယူနီဆက်ဖ်က သတင်းထုတ်ပြန်ထားသည်။
ရဲခေါင် (Ref; BBC)






အခြားဆက်စပ်သတင်းများ