နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုဘိုင်းလ်ဖုန်း ယဉ်ကျေးမှု

မြန်မာနိုင်ငံတွင် တစ်နေ့တခြား မိုဘိုင်းလ်ဖုန်းများ တွင်ကျယ် လာသကဲ့သို့ လူမှုကွန်ရက်အသုံးပြုသူများ သန်းနှင့်ချီ၍ ရှိလာ သည်။ မိုဘိုင်းလ်ဖုန်းသုံးစွဲမှုနှင့် လူငယ်လူရွယ်များ၊ လူမှုကွန်ရက် အသုံးပြုသူများ သန်းနှင့်ချီ၍ ရှိလာသည်။ မိုဘိုင်းလ်ဖုန်းသုံးစွဲမှုနှင့် လူငယ်လူရွယ်များ၊ လူမှုကွန်ရက်ဆက်သွယ် အသုံးချခြင်းကြောင့် မိမိဘဝအတွက် ထိရောက်မည့်အတတ်ပညာ၊ နည်းပညာတို့ အကျိုးရှိစွာအသုံးချကြမည်ဟု မျှော်လင့်သော်လည်း အခြား ဆိုရှယ်လူမှုကွန်ရက်များတွင်သာ အချိန်ဖြုန်းလာသည်။
လူမှုကွန်ရက်များကို ကျယ်ပြန့်စွာသုံးစွဲခြင်းသည် ပြည်သူများ ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် များစွာအထောက်အကူဖြစ်စေနိုင် မည်ဖြစ်သည်။ လူမှုကွန်ရက်များသည် ပြည်သူများအတွက် ရတနာတစ်ခုဟုဆိုနိုင်သော်လည်း လွဲမှားစွာအသုံးချမှု၊ အကျိုးမရှိ သော ကိစ္စရပ်များတွင် သုံးစွဲနေမှုသည် တိုးတက်မှုကိုယုတ်လျော့ စေသည်။
စာဖတ်သည်ဆိုရာတွင် ပုံနှိပ်စာပေ၊ ဒစ်ဂျစ်တယ်စာပေများနှင့် ရသစာပေ၊ သုတစာပေများပါဝင်သော်လည်း ယနေ့သတင်းရွာကြီး က လျင်မြန်စွာပေါက်ကွဲပြန့်နှံ့နေသည်။ စာပေဖတ်ရှုမှုတိုင်း အကောင်း၊ အဆိုးဝေဖန်ဆန်းစစ်ခြင်း၊ စဉ်းစားတွေးခေါ်ပေါင်းစပ် ခြင်းဖြင့် ဖတ်ရှုလေ့လာသူကို အကျိုးကျေးဇူးများစေသည်။ ဆန်းစစ်၊ ဝေဖန်ခြင်းသည်  အပြစ်ရှာရန်မဟုတ်  ခိုင်မာသော အထောက်အထားနှင့် ကျိုးကြောင်းခိုင်လုံမှုကို သုံးသပ်နိုင်သည်။
နည်းပညာများ၏ လျင်မြန်စွာပြောင်းလဲလာမှုကိုအသုံးချ၍  မကောင်းမြင်ဝါဒများကို သွတ်သွင်းရာတွင် တုံ့ပြန်မှုများက မြန်ဆန်လာကြပြီး သုံးစွဲသူများဘက်က ဆင်ခြင်ဉာဏ်အသိကို ထိန်းချုပ်၍ အွန်လိုင်းပဋိပက္ခများဖြစ်ပေါ်မှုကို လျော့နည်းစေမည် ဖြစ်သည်။ ယနေ့အခြေအနေတွင် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား များကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ အများပြည်သူများအား CDM လှုပ်ရှားမှုတွင်ပါဝင်လာရန် လှုံ့ဆော် ခြင်း၊ အားပေးထောက်ခံခြင်း၊ ပါဝင်လုပ်ဆောင်ခြင်း၊ အကြမ်းဖက် အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် CRPH နှင့် NUG တို့အား ထောက်ခံအားပေးခြင်းတို့ကို လူမှုကွန်ရက်များပေါ်မှ လှုပ်ရှားနေကြသည်။
နည်းပညာမြင့်မားလာမှုနှင့်အတူ အားသာချက်၊ အားနည်း ချက်များကို ဆင်ခြင်သုံးစွဲနိုင်သည့် ပြည်သူပြည်သားတို့၏ အသိဉာဏ်များ တိုးတက်စေချင်ပါသည်။ လူမှုကွန်ရက်များက လူ အများထိတ်လန့်တကြားဖြစ်စေသည့် သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင် များလွှင့်တင်၍ ဝါဒဖြန့်လှုံ့ဆော်မှုများသည် အန္တရာယ်ကြီးမား သည်။
သို့ဖြစ်ရာ လောကလူသားတစ်ယောက်အနေဖြင့် အရာရာ ကို ချင့်ချိန်၍ စဉ်းစားလုပ်ကိုင်တတ်ကြ၍ အကောင်းအဆိုး၊ အကြောင်းအကျိုးတို့ကို ဝေဖန်ပိုင်းခြားသိရှိနိုင်ရန် အစဉ်သဖြင့် နှလုံးသွင်းဆင်ခြင်စေသင့်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ