နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယတွင် ဆိုးရွာသော မှိုရောဂါကပ်ဘေးတစ်ခုထပ်မံဖြစ်ပွား

နယူးဒေလီ မေ ၂၃

မျူကော်မိုင်ကိုးဆစ်ဟု ခေါ်သည့် ရှားပါးလှသည့် ကူးစက်ရောဂါသည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်၂၉ ခုကို ပျံ့နှံ့ ရောက်ရှိနေပြီး အဆိုပါ ရောဂါကူးစက် ခံရပါက လူသေဆုံးနိုင်ခြေမှာ ၅၀ ရာခိုင် နှုန်းရှိတတ်ကြောင်း ဆရာဝန်များက ပြောကြားထားကာ ကူးစက်မှုကို ကပ် ရောဂါအဖြစ် တရားဝင်သတ်မှတ်ပေးရန် အိန္ဒိယကျန်းမာရေးဌာနဆီကို တာဝန်ရှိ သူတွေက  အကြောင်းကြားစာပေးပို့ တိုက်တွန်းနေကြောင်း သိရသည်။

ယင်း‌ရောဂါသည် ကုသရန်ခဲယဉ်း သော်လည်း အချို့သော အခြေအနေ တွေ များတွင် မျက်လုံးနှင့် အောက်မေးရိုးများ ကို ခွဲစိတ်ဖယ်ထုတ်ပြီး အဆိုပါ ရောဂါ ကို ကုသနိုင်ကြောင်း၊ သို့ရာတွင် ရောဂါ ပြင်းထန်ပါက အသက်အန္တရာယ်ကို စိုးရိမ်ရခြင်းကြောင့် သတိထားရန် လို အပ်ကြောင်း ဆရာဝန်များကပြော သည်။

အိန္ဒိယတွင် ယခုလပိုင်းအတွင်း မျူကော်မိုင်ကိုးဆစ် ကူးစက်မှုအလွန် များပြားလာခဲ့ပြီး ပြန်လည်သက်သာလာ သည့် Covid  လူနာများထံတွင်ပါ အဆိုပါ ရောဂါကို အများဆုံးတွေ့ရှိလာ ရကြောင်း ဆရာဝန်များက အသိပေး ထားသည်။

Covid လူနာများ ကုသရာတွင် ခန္ဓာကိုယ်တွင်းမှထွက်ရှိသည့် စတီးရွိုက် များသည် မျူကော်မိုင်ကိုးဆစ်မှိုရောဂါ ကို ဖြစ်ပွားစေခြင်းဖြစ်သည်ဟု ဆရာဝန် များက ယူဆထားပြီး Covid ဝေဒနာ သက်သာပျောက်ကင်းပြီး နောက်ပိုင်း ၁၂ ရက်မှ ၁၅ ရက်အတွင်း မျူကော်မိုင် ကိုးဆစ်မှိုရောဂါ ဖြစ်တတ်သည့်အ တွက် ဂရုစိုက်ရန်လိုအပ်ကြောင်း သိရ သည်။                     
 ရဲခေါင် (ref;bbc)






အခြားဆက်စပ်သတင်းများ