နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစ္စရေးလ်၊ ဟားမတ်စ် ကြေညာချက် နိုင်ငံတကာကြိုဆို ဂျေရုဆလင်

မေ ၂၃

အစ္စရေးလ်နှင့် ဂါဇာဒေသက စစ် သွေးကြွများ ၁၁ ရက်ကြာ တိုက်ခိုက်ခဲ့ ပြီးနောက် အပစ်အခတ်ရပ်စဲလိုက်သည့် အပေါ် အမေရိကန်အပါအဝင်ကမ္ဘာ တစ်ဝန်းကခေါင်းဆောင်တွေ   ကြိုဆို လိုက်ပြီး အရှေ့အလယ်ပိုင်းဒေသတွင် နိုင်ငံရေးအရ ရေရှည်အဖြေရှာရန် တိုက် တွန်းလိုက်ကြောင်း သိရသည်။

ဥရောပသမဂ္ဂ (EU) က နှစ်နိုင်ငံ အပြန်အလှန် အသိအမှတ်ပြု လက်ခံရေး ကသာ တစ်ခုတည်းသောအဖြေဖြစ်မည် ဟု ပြောထားပြီး ၁၁ ရက်ကြာ တိုက်ခိုက် မှုများအတွင်း ထိခိုက်သေဆုံးမှုများအ တွက် စိတ်မကောင်းဖြစ်ရကြောင်း EU နိုင်ငံခြားမူဝါဒရေးရာ   အကြီးအကဲ ဂျိုးဇက်ဘော်ရဲလ်က  ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့သည်။

အမေရိကန်သမ္မတ Joe Biden ကမူ အပစ်အခတ်ရပ်စဲရန် ကြားဝင်စေ့စပ် ပေးခဲ့သည့် အီဂျစ်နိုင်ငံကို ချီးကျုးပြော ဆိုခဲ့ကာ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးတို့အပြင် အပစ်အခတ် ရပ်စဲလိုက်သည့်အပေါ် ပြင်သစ်၊ ရုရှား၊ တရုတ်စသည့် နိုင်ငံများ ကလည်း ကြိုဆိုခဲ့ကြသည်။

ထို့ပြင် ကက်သလစ် သာသာနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ကလည်း တိုက်ခိုက်မှုများ နှင့် အကြမ်းဖက်မှုများ ရပ်ရန်ဆုံးဖြတ်ခဲ့သည့်အတွက် ကျေးဇူး တင် ကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခဲ့ကြောင်းလည်း မိန့်ကြားခဲ့ သည်။         
ရဲခေါင် (ref;AP)






အခြားဆက်စပ်သတင်းများ