နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လက်တွဲညီညာ၊ ပြည်သာယာ

နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက်  လက်တွေ့ကျကျ အကောင်အထည်ဖော်ရာတွင် နိုင်ငံတော်တည်ငြိမ်အေးချမ်း သာယာရေးသည် အရေးကြီးသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှ သာ စီးပွားရေးလုပ်ငန်းများ ဖြောင့်ဖြောင့်တန်းတန်း လုပ်ကိုင်နိုင် မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူအများစု၏ လိုအပ်ချက်ဖြစ်သော စား၊ ဝတ်၊ နေရေးဖူလုံရေးကို ဖော်ဆောင် ပေးလျက်ရှိသည်။ ထိုနေရာတွင် အဓိကလိုအပ်ချက်မှာ ရင်းနှီး မြှုပ်နှံမှုပင်ဖြစ်သည်။

ကမ္ဘာတစ်ဝန်း မတည်ငြိမ်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများက တည်ငြိမ်သောနေရာများကို ရှာဖွေလာကြသည်။ ပြည်သူတို့၏ ဆန္ဒမှာ အေးချမ်းသာယာသည့်နိုင်ငံတွင် စီးပွားရေးကောင်းမွန်ပြီး အလုပ်အကိုင်အခွင့်သာနေခြင်းသာ အလိုရှိကြမည်ဖြစ်ပေသည်။ ကမ္ဘာတစ်ဝန်းတွင်  ကမ္ဘာ့လူသားများ၏  လူ့အခွင့်အရေးနှင့်       အေးချမ်းသာယာစွာရပ်တည်နိုင်ရေးကို အထူးခြိမ်းခြောက်သည် မှာ ကမ္ဘာလုံးချီ အကြမ်းဖက်ဝါဒပင်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်   နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများမှ တစ်ဆင့်ရရှိလာသော အခွင့်အလမ်းများကို အလွဲသုံးပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချမည့်ကိစ္စရပ်များ၊ ခြိမ်းခြောက်မှုများ ကြုံတွေ့လာရသည်။ ရန်ကုန်မြို့တော်သူ မြို့တော်သားများ စိုးရိမ်မှု၊ မလုံခြုံမှု၊ အကြောက်တရားဖုံးလွှမ်းလာ မှုမှာ နေ့စဉ်ဗုံးပေါက်ကွဲမှုများကြောင့် ဖြစ်သည်။ အကြမ်းဖက်မှုများ ၏ အကျိုးသက်ရောက်မှုပင်ဖြစ်သည်။ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်လုပ်ရပ်များကို လူအများစုက လက်ခံမှုမရှိပေ။

အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်အဖွဲ့အစည်းများက ယင်း တို့၏ နိုင်ငံရေးရည်မှန်းချက်၊ ဘာသာရေးရည်မှန်းချက်စသည့် တစ်ခုခုကိုရရှိအောင် ဖော်ဆောင်ရာတွင် အကြမ်းဖက်ဆောင်ရွက် ခြင်းဖြင့် အစိုးရ၏မူဝါဒများ အပြောင်းအလဲဖြစ်စေခြင်းဖြစ်သည်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာမှုကို မလိုလားသော အဟန့်အတားပြုလိုသောအင်အားစုများက သွေးထိုးလှုံ့ဆော်မှု များ ပြုလုပ်လျက်ရှိရာ အကြမ်းဖက်သမား များသည် လူထုအတွင်း ရောနှောနေထိုင်ပြီး၊ အကြမ်းဖက်မှုကို လူထုကိုအကာအကွယ်ယူ ကာ အသွင်ယူဆောင်ရွက်နေသည်။ လူထုက အကြောက်တရားဖြင့် အကြမ်းဖက်သမားများကို ခေါင်းငုံ့ခံနေကြရသည်။ အကြောက် တရားဖြင့် လွှမ်းမိုးချုပ်ကိုင်လာကြသည်။ မိမိတို့ရပ်ရွာများအတွင်း အကြမ်းဖက် အဖျက်အမှောင့်မပြုလုပ်နိုင်ရေး၊ အကြမ်းဖက်သမား များ စိမ့်ဝင်ထိုးဖောက်ဝင်ရောက်မလာစေရန်၊ ရပ်ရွာအေးချမ်း သာယာရေးအတွက် အများပြည်သူဝိုင်းဝန်း ကာကွယ်စောင့်ရှောက် ရန် လိုအပ်သည်။

နိုင်ငံသူနိုင်ငံသားများသည် မတူကွဲပြားမှုကို နားလည်စွာဖြင့် စည်းလုံးညီညွတ်စွာ နေထိုင်ခြင်းသမိုင်းကြောင်းကို အခိုင်အမာ တည်ဆောက်ရန်လိုအပ်သည်။ မျိုးနွယ်စုနှင့် ကိုးကွယ်ယုံကြည်မှု များ မည်သို့ပင်ရှိစေကာမူ မြန်မာ့ရေမြေပေါ်တွင် ဒူးတူပေါင်ဖက်  နေထိုင်စားသောက်လာကြပြီး ပြည်ထောင်စုအပေါ်တွင် ချစ်ခင် သောစိတ်ဓာတ်မှာ အခိုင်အမာပေါ်ထွန်းလျက်ရှိသည်။  ဘေး ပယောဂအဖျက်အမှောင့်များကြောင့်  နိုင်ငံသားအချင်းချင်း စိတ်ဝမ်းကွဲမည်ကို နားမယောင်ဘဲ စည်းလုံးညီညွတ်မှုစိတ်ဓာတ် ဖြင့် ဆန့်ကျင်ကြရမည် တိုက်တွန်းနှိုးဆော်ချင်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ